Knowledge

MNA ေလေၾကာင္းလိုင္းမွ ေလယာဥ္ေမာင္မယ္မ်ား ဆက္လက္လုပ္ကိုင္ျခင္းမျပဳဘဲ ဆႏၵေဖာ္ထုတ္

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA)မွ ေလယာဥ္ေမာင္မယ္မ်ားသည္ ယေန႔မွစတင္ကာ အလုပ္တာဝန္မ်ားအား ဆက္လက္လုပ္ကိုင္ျခင္းမျပဳဘဲ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ျခင္းမ်ား ျပဳလုပ္မွာျဖစ္ေၾကာင္း အသိေပးေၾကညာလိုက္ပါတယ္။ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA)မွ ေလယာဥ္ေမာင္မယ္မ်ားသည္ ယေန႔ ေဖေဖာ္ဝါရီလ ၄ရက္ေန႔ရက္စြဲျဖင့္ ျမန္မာျပည္သူျပည္သားမ်ားနဲ႔ ေလေၾကာင္းလိုင္းဝန္ထမ္းမ်ားကို အသိေပးခ်က္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ေလယာဥ္ေမာင္မယ္မ်ားအေနနဲ႔ တပ္မေတာ္အစိုးရရဲ႕ ယႏၲရားမွာ မပါဝင္ႏိုင္သျဖင့္ ယေန႔မွစတင္ၿပီး လုပ္ကိုင္ျခင္းမျပဳဘဲ Civil Disobedience Campaign ျပဳလုပ္ကာ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္သြားမယ္လို႔ သိရပါတယ္။ယခုကဲ့သို႔ ကမ္ပိန္းလုပ္ေဆာင္ျခင္းမွာ အမ်ားျပည္သူအား ထိခိုက္နစ္နာေစရန္ ဆႏၵမရွိဘဲ တရားမွ်တၿပီး ၿငိမ္းခ်မ္းေသာ ဒီမိုကေရစီစနစ္ကို ျပန္လည္ရယူလိုျခင္းအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ကမာၻတစ္ဝွမ္းရွိ ျမန္မာျပည္သူျပည္သားမ်ားနဲ႔ ျပည္တြင္းျပည္ပ ေလေၾကာင္းလိုင္းအသီးသီးမွ ျမန္မာေလယာဥ္ေမာင္မယ္မ်ားနဲ႔ ႏိုင္ငံတကာမွ ေလယာဥ္ေမာင္မယ္မ်ားမွလည္း အာဏာရွင္စနစ္ကို အယုံအၾကည္မရွိ၊ လုံးဝလက္မခံေၾကာင္း CDC မွာပူးေပါင္းကာ တုံ႔ျပန္ၾကရန္ တိုက္တြန္းထားတာျဖစ္ပါတယ္။

UNICODE

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်မောင်မယ်များသည် ယနေ့မှစတင်ကာ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်မှာဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်မောင်မယ်များသည် ယနေ့ ဖေဖော်ဝါရီလ ၄ရက်နေ့ရက်စွဲဖြင့် မြန်မာပြည်သူပြည်သားများနဲ့ လေကြောင်းလိုင်းဝန်ထမ်းများကို အသိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လေယာဉ်မောင်မယ်များအနေနဲ့ တပ်မတော်အစိုးရရဲ့ ယန္တရားမှာ မပါဝင်နိုင်သဖြင့် ယနေ့မှစတင်ပြီး လုပ်ကိုင်ခြင်းမပြုဘဲ Civil Disobedience Campaign ပြုလုပ်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ယခုကဲ့သို့ ကမ်ပိန်းလုပ်ဆောင်ခြင်းမှာ အများပြည်သူအား ထိခိုက်နစ်နာစေရန် ဆန္ဒမရှိဘဲ တရားမျှတပြီး ငြိမ်းချမ်းသော ဒီမိုကရေစီစနစ်ကို ပြန်လည်ရယူလိုခြင်းအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ မြန်မာပြည်သူပြည်သားများနဲ့ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းအသီးသီးမှ မြန်မာလေယာဉ်မောင်မယ်များနဲ့ နိုင်ငံတကာမှ လေယာဉ်မောင်မယ်များမှလည်း အာဏာရှင်စနစ်ကို အယုံအကြည်မရှိ၊ လုံးဝလက်မခံကြောင်း CDC မှာပူးပေါင်းကာ တုံ့ပြန်ကြရန် တိုက်တွန်းထားတာဖြစ်ပါတယ်။