Knowledge

ႏွစ္ဆန္း (၁) ရက္ေန႔ အဂၤါၿဂိဳလ္ကို လဖုံးမည္

နှစ်ဆန်း (၁) ရက်နေ့ အင်္ဂါဂြိုလ်ကို လဖုံးမည်

အင်္ဂါ ဂြိုဟ်ကို လ ဖုံးကွယ်မည့်ဖြစ်စဉ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြင်ကြရမည်။

လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာတော့ အင်မတန်ထူးခြားတဲ့ အာကာသဖြစ်စဉ်တစ်ခုကို မြန်မာနိုင်ငံမှ မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။

အဲ့ဒါကတော့ အင်္ဂါဂြိုဟ် (မားစ်) ကို လမင်း (တန်ခူးလဆန်းလ) မှ ဖုံးကွယ်သွားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လ ကို ကြယ်ဖောက်ခြင်း လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိပါတယ်။ ဒါဟာ သူ့မှာပါဝင်ဖွဲ့စည်းထားတဲ့ သံဓါတ် (အိုင်းယွန်းအောက်ဆိုဒ်) ကြွယ်ဝသော မြေသားများကြောင့် ဖြစ်ကြတယ်။

“အင်္ဂါ” ရဲ့ အဓိပ္ပါယ်ဟာ “မီးကျီးခဲ” ဖြစ်တယ်လို့ ဆရာဦးဘိုးလတ်ရဲ့ မြန်မာစာပေများမှာ မှတ်သားဖူးပါတယ်။ မီးကျီးခဲလို အပူဓါတ်ရှိပြီး အနီရောင်သန်းခြင်းကြောင့်လို့ ထင်ပါတယ်။

အနောက်တိုင်း နက္ခတ္တဗေဒမှာတော့ အနီရောင်ဟာ သွေးနဲ့ တူတဲ့အတွက် စစ်နတ်ဘုရားရဲ့အမည် MARS (မားစ်) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။

၁၃၈၃ ခု မြန်မာနှစ်ဆန်း (၁) ရက်နေ့ (၂၀၂၁ ခု ဧပြီလ ၁၇ ရက်) စနေနေ့ညမှာတော့ လမင်း (မြန်မာ့နက္ခတ်တွင် လကို တနင်္လာဂြိုဟ်ဟု သတ်မှတ်ပါသည်) ဟာ အင်္ဂါဂြိုဟ်ကို ခေတ္တခဏ ဖုံးကွယ်သွားမှာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကိုတော့ ထိုင်း နဲ့ မြန်မာနိုင်ငံတို့မှာ အကောင်းဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။

လရဲ့ လင်းနေတဲ့ အခြမ်း (ပုံ) ဟာ နေရှိတဲ့ဘက်ကို ညွှန်ပြပါတယ်။

လဟာ အဝိုင်းကြီးဖြစ်တဲ့အတွက် မှောင်မေတဲ့အခြမ်းမှာလည်း လ ရှိနေတယ်ဆိုတာ သတိပြုနိုင်ပါတယ်။

အင်္ဂါဂြိုဟ်ဟာ လရဲ့ မှောင်နေတဲ့အခြမ်းဖက်ကို ည ရ နာရီ ၃၆ မိနစ်မှာ စတင်ဝင်ရောက်မှာဖြစ်ပြီး..၊

လင်းနေတဲ့ အခြမ်းဖက်ကနေ ည ၈ နာရီ ၅၁ မိနစ်မှာ ပြန်ထွက်ပေါ်လာမှာဖြစ်ပါတယ်။

လ နဲ့ အင်္ဂါဂြိုဟ်တို့ တွေ့ဆုံမည့် နေရာကတော့ ပြဿရာသီ (Taurus) ကြယ်စုများ ရှိမယ့် နေရာပဲ ဖြစ်ပါတယ်။

အင်မတန်ထူးခြားတဲ့ (တနည်း) မြင်ရခဲတဲ့ အရာဖြစ်ပြီး အင်မတန် ထူးခြားတဲ့ နှစ်ဆန်း (၁) ရက်နေ့နှင့်လည်း တိုက်ဆိုင်လို့နေပါတော့တယ်။

၁၃၈၃ ခုနှစ်ဟာ ထူးခြားမှုတွေ ဖြစ်လာနိုင်မယ့်နှစ်လို့သာ သုံးသပ်မိပါတော့တယ်။

အာကာသဝါသနာရှင်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

ႏွစ္ဆန္း (၁) ရက္ေန႔ အဂၤါၿဂိဳလ္ကို လဖုံးမည္

အဂၤါ ၿဂိဳဟ္ကို လ ဖုံးကြယ္မည့္ျဖစ္စဥ္ ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔တြင္ ျမင္ၾကရမည္။

လာမယ့္ ၂၀၂၁ ခုႏွစ္ ဧၿပီလ (၁၇) ရက္ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔) မွာေတာ့ အင္မတန္ထူးျခားတဲ့ အာကာသျဖစ္စဥ္တစ္ခုကို ျမန္မာနိုင္ငံမွ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အဲ့ဒါကေတာ့ အဂၤါၿဂိဳဟ္ (မားစ္) ကို လမင္း (တန္ခူးလဆန္းလ) မွ ဖုံးကြယ္သြားျခင္း ျဖစ္ပါတယ္။ တနည္းအားျဖင့္ လ ကို ၾကယ္ေဖာက္ျခင္း လို႔လည္း ဆိုနိုင္မယ္ ထင္ပါတယ္။

အဂၤါၿဂိဳဟ္ဟာ အနီေရာင္အဆင္းရွိပါတယ္။ ဒါဟာ သူ႔မွာပါဝင္ဖြဲ႕စည္းထားတဲ့ သံဓါတ္ (အိုင္းယြန္းေအာက္ဆိုဒ္) ႂကြယ္ဝေသာ ေျမသားမ်ားေၾကာင့္ ျဖစ္ၾကတယ္။

“အဂၤါ” ရဲ့ အဓိပၸါယ္ဟာ “မီးက်ီးခဲ” ျဖစ္တယ္လို႔ ဆရာဦးဘိုးလတ္ရဲ့ ျမန္မာစာေပမ်ားမွာ မွတ္သားဖူးပါတယ္။ မီးက်ီးခဲလို အပူဓါတ္ရွိၿပီး အနီေရာင္သန္းျခင္းေၾကာင့္လို႔ ထင္ပါတယ္။

အေနာက္တိုင္း နကၡတၱေဗဒမွာေတာ့ အနီေရာင္ဟာ ေသြးနဲ႔ တူတဲ့အတြက္ စစ္နတ္ဘုရားရဲ့အမည္ MARS (မားစ္) လို႔ အမည္ေပးထားျခင္း ျဖစ္ပါတယ္။

၁၃၈၃ ခု ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ (၂၀၂၁ ခု ဧၿပီလ ၁၇ ရက္) စေနေန႔ညမွာေတာ့ လမင္း (ျမန္မာ့နကၡတ္တြင္ လကို တနလၤာၿဂိဳဟ္ဟု သတ္မွတ္ပါသည္) ဟာ အဂၤါၿဂိဳဟ္ကို ေခတၱခဏ ဖုံးကြယ္သြားမွာျဖစ္ၿပီး အဆိုပါျဖစ္စဥ္ကိုေတာ့ ထိုင္း နဲ႔ ျမန္မာနိုင္ငံတို႔မွာ အေကာင္းဆုံး ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

လရဲ့ လင္းေနတဲ့ အျခမ္း (ပုံ) ဟာ ေနရွိတဲ့ဘက္ကို ညႊန္ျပပါတယ္။

လဟာ အဝိုင္းႀကီးျဖစ္တဲ့အတြက္ ေမွာင္ေမတဲ့အျခမ္းမွာလည္း လ ရွိေနတယ္ဆိုတာ သတိျပဳနိုင္ပါတယ္။

အဂၤါၿဂိဳဟ္ဟာ လရဲ့ ေမွာင္ေနတဲ့အျခမ္းဖက္ကို ည ရ နာရီ ၃၆ မိနစ္မွာ စတင္ဝင္ေရာက္မွာျဖစ္ၿပီး..၊

လင္းေနတဲ့ အျခမ္းဖက္ကေန ည ၈ နာရီ ၅၁ မိနစ္မွာ ျပန္ထြက္ေပၚလာမွာျဖစ္ပါတယ္။

လ နဲ႔ အဂၤါၿဂိဳဟ္တို႔ ေတြ႕ဆုံမည့္ ေနရာကေတာ့ ျပႆရာသီ (Taurus) ၾကယ္စုမ်ား ရွိမယ့္ ေနရာပဲ ျဖစ္ပါတယ္။

အင္မတန္ထူးျခားတဲ့ (တနည္း) ျမင္ရခဲတဲ့ အရာျဖစ္ၿပီး အင္မတန္ ထူးျခားတဲ့ ႏွစ္ဆန္း (၁) ရက္ေန႔ႏွင့္လည္း တိုက္ဆိုင္လို႔ေနပါေတာ့တယ္။

၁၃၈၃ ခုႏွစ္ဟာ ထူးျခားမႈေတြ ျဖစ္လာနိုင္မယ့္ႏွစ္လို႔သာ သုံးသပ္မိပါေတာ့တယ္။

အာကာသဝါသနာရွင္မ်ားအတြက္..

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)