Knowledge

မြန်မာ့နိုင်ငံရေးအခြေအနေတွေကို တစ်ကမ္ဘာလုံးသိအောင် တောင်ကိုရီးယား ရုပ်သံကနေ တဆင့် ပြောကြားပေးလိုက်တဲ့ မြန်မာပြည်ဖွားဆရာမ (ရုပ်သံ)

မြန်မာ့နိုင်ငံရေးအခြေအနေတွေကို တစ်ကမ္ဘာလုံးသိအောင် တောင်ကိုရီးယား ရုပ်သံကနေ တဆင့် ပြောကြားပေးလိုက်တဲ့ မြန်မာပြည်ဖွားဆရာမ (ရုပ်သံ)

ဆိုရှယ်မီဒီယာပေါ်မှာvideoတွေကနေတဆင့်ကိုရီးယားဘာသာစကားကိုသင်ကြားပေးနေတဲ့မြန်မာလူမျိုးကိုရီးယားဘာသာစကားဆရာမလေးချမ်းချမ်း(ချမ်းမြမြသော်)ကတော့တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေစဥ်မှာတောင်ကိုရီးယားရဲ့ရုပ်သံအစီအစဥ်တစ်ခုမှာပါဝင်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့နိုင်ငံရေးအခြေ အနေတွေကိုတစ်ကမ္ဘာလုံးသိအောင်သတင်းစကားပါးခဲ့ပါတယ်။

ကျွန်မဒီနေရာကနေမြန်မာပြည်သူလူထုကိုယ်စားသူတို့ရဲ့စကားသွတွေကိုတဆင့်ပြောပေးချင်ပါတယ်။လက်ရှိကျွန်မတို့နိုင်ငံရဲ့စစ်တပ်ကကြေငြာထားတဲ့အရေးပေါ်အခြေအနေဆိုတာပြည်သူတွေရဲ့ဆန္ဒလုံးဝမဟုတ်ကြောင်းအရင်ဆုံးပြောချင်ပါတယ်။သူတို့ရဲ့တစ်နှစ်အရေးပေါ်အခြေအနေ(အာဏာသိမ်းမှု)ဆိုတာလုံးဝအတည်ပြုလိုက်လို့မရပါဘူး။ဒီဟာကိုသေချာပေါက်ပြန်ရုတ်သိမ်းပေးမှာရမှာဆိုပေမယ့်ဒါကမြန်မာပြည်သူတွေရဲအင်အားနဲ့တင်မဖြစ်နိုင်တဲ့အခြေအနေပါ။

ဒါကြောင့်ကျွန်မတို့ဟာတစ်ကမ္ဘာလုံးရဲ့ဝင်ရောက်အကူအညီပေးမှုတွေရဖို့လိုအပ်နေပါတယ်။ဆိုရှယ်မီဒီယာအရသော်လည်းကောင်း၊နိုင်ငံရေးအရသော် လည်း ကောင်းကျွန်မတို့ပြည်သူတွေကိုကယ်တင်ပေးဖို့မေတ္တာရပ်ခံပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဆရာမရယ်အရမ်းဂုဏ်ယူပါတယ်ဘာသာလေးပြန်ပေးတင်ပေးလိုက်ပါတယ်နော်၊အားလုံးသိအောင်မျှဝေပေးကြပါ