Celebrity


ဗိုလ်ချုပ်သမီး နေခြည်ဦးတော့ ဒရမ် မာ ချိုးလိုက်ပြီ

အဖေ့သမီးဖြစ်ရတာ သမီးဂုဏ်ယူတယ်” ဟုဆိုကာ သူမလုပ်ရပ်အတွက် ဖခင် စစ်သားကြီး ကို တောင်းပန်လိုက်တဲ့ နေခြည်ဦး..

နေခြည်ဦးတို့ကတော့ အရင်ရက်တွေတုန်းက သူမရဲ့လူမှူကွန်ယက် စာမျက်နှာမှာ တိတ်ဆိတ် လွန်းနေတာကြောင့် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်…ဒီနေ့မှာတော့ သူမက သူမအဖေဖြစ်သူ စစ် သားကြီးကို တောင်းပန်ထားပြီး သူမရဲ့ ခံယူချက်ကို ရဲရဲဝင့်ဝင့်ရေးတင်လာပြီပဲ ဖြစ်ပါတယ်..

ကျွန်မသည် စစ်တပ်မိသားစု background မှ ကြီးပြင်းလာသူဖြစ်ပါသည်။သို့ရာတွင် ယခုပြည် သူ့ဆန္ဒကို မျက်ကွယ်ပြုသည့် နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သတ် ထောက်ခံမှုပြုသော မည် သူတဦးတယောက်ကိုမဆို ဆန့်ကျင်ရှုံ့ချပါသည်။-

ကျွန်မသည်နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့်ဖြင့်မဲပေးထားသော ၂၀၂၀ ရွေးကောက်ပွဲတွင် မျှမျှတတ ဖြင့်အ နိုင် ရရှိခဲ့သောမိမိတို့ ခေါင်းဆောင်နှင့်အစိုးရအဖွဲ့ကိုသာ လက်ခံပါမည်။-ကျွန်မသည် အစိုးရဝန် ထမ်းတဦးမဟုတ်သော်လည်း Civil Disobedience

ပြုလုပ်၍ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်း အင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများ နှင့် အနယ်နယ် အရပ်ရပ်မှ အခြား‌သော ဌာန ဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။စစ်အာဏာရှင် စ နစ် ဧကန်မုချ ကျဆုံးပါစေ..-credit

unicode





