Knowledge

ဆရာေတာ္ဦးေသာဘိတကို ဆက္သြယ္ေရးပုဒ္မနဲ႔ ေထာင္ဒဏ္ ၂ႏွစ္ခ် . . . .

ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို ဒီကနေ့မနက်ပိုင်းကပဲ အမရပူရတရားရုံးကနေ ဆက်သွယ်ရေးဥပဒေပုဒ်မ– ၆၆(ဃ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်က လူမူကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားတယ်ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု–ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းဆိုသူဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ– ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်

ဆရာတော်ဦးသောဘိတကို ပုဒ်မ– ၅၀၅(ခ)နဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာလည်းရှိခဲ့ပြီး အဲ့ဒီအမှုကိုတော့ အမရပူရမြို့နယ်တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ဦးသောဘိတကို ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုကို အချိန်ကာလ ၂နှစ်ကြော်အကြာ ဒီကနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ေရႊဝါေရာင္ဆရာေတာ္ ဦးေသာဘိတ(အလကၤာၾကယ္)ကို ဒီကေန႔မနက္ပိုင္းကပဲ အမရပူရတရား႐ုံးကေန ဆက္သြယ္ေရးဥပေဒပုဒ္မ– ၆၆(ဃ)နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ပါတယ္။

၂၀၁၈ခုႏွစ္က လူမူကြန္ယက္စာမ်က္ႏွာမွာ တပ္မေတာ္ကို ဂုဏ္သိကၡာက်ဆင္းေအာင္ေရးသားတယ္ဆိုၿပီး အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဒု–ဗိုလ္မႉးႀကီး မ်ိဳးခိုင္ဝင္းဆိုသူဟာ ဆက္သြယ္ေရးဥပေဒပုဒ္မ– ၆၆(ဃ)နဲ႔ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ဆရာေတာ္ဦးေသာဘိတကို ပုဒ္မ– ၅၀၅(ခ)နဲ႔ တပ္မေတာ္က တရားစြဲဆိုခဲ့တာလည္းရွိခဲ့ၿပီး အဲ့ဒီအမႈကိုေတာ့ အမရပူရၿမိဳ႕နယ္တရား႐ုံးက ပလပ္ခဲ့တာ ျဖစ္ပါတယ္။

ဆရာေတာ္ဦးေသာဘိတကို ၆၆(ဃ)နဲ႔ တရားစြဲဆိုထားတဲ့အမႈကို အခ်ိန္ကာလ ၂ႏွစ္ေၾကာ္အၾကာ ဒီကေန႔နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဖြဲ႕စည္းၿပီးေနာက္ပိုင္းမွာ ေထာင္ဒဏ္အမိန႔္ခ်မွတ္ခဲ့တာလည္းျဖစ္ပါတယ္။