Knowledge

MYTEL မွ အင္ဂ်င္နီယာ ၇၁ဦး ရာထူးမွႏုတ္ထြက္မႈမ်ားျပဳလုပ္ေၾကာင္းေၾကညာ

MYTEL စစ္ကိုင္းဌာနခြဲမွ အင္ဂ်င္နီယာစုစုေပါင္း ၇၁ဦး လက္ရွိတာဝန္ထမ္းေဆာင္ေနေသာ ရာထူးအလုပ္တာဝန္မ်ားကို ယေန႔မွစတင္ကာ ႏႈတ္ထြက္ရပ္နားလိုက္ေၾကာင္း ေၾကညာခ်က္အရ သိရပါတယ္။စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္ရွိ MYTEL စစ္ကိုင္းဌာနခြဲမွ အင္ဂ်င္နီယာစုစုေပါင္း ၇၁ဦးသည္ တပ္မေတာ္မွ အာဏာသိမ္းမႈေၾကာင့္ ရာထူးတာဝန္မ်ားအား ယေန႔ ေဖေဖာ္ဝါရီလ ၃ရက္ေန႔မွစတင္ကာ ႏႈတ္ထြက္ရပ္နားလိုက္ၿပီျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။

လက္ရွိတာဝန္ထမ္းေဆာင္ေနေသာ ရာထူးမွ ႏႈတ္ထြက္ေၾကာင္း အသိေပးအပ္ပါသည္”လို႔ Technical Department မွ မန္ေနဂ်ာ ကိုသီဟေဇာ္က ၎ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။တပ္မေတာ္ရဲ႕ ႏိုင္ငံေတာ္အာဏာသိမ္းေၾကညာခ်က္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဆန႔္က်င္ေဆာင္႐ြက္ျခင္းျဖစ္သည့္အျပင္ ႏိုင္ငံသားမ်ားရဲ႕ အခ်ဳပ္အျခာအာဏာကို မ်က္ကြယ္ျပဳခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ထို႔ေၾကာင့္ တစ္မ်ိဳးသားလုံးနဲ႔အတူ အျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ေသာ ေ႐ြးေကာက္ခံအစိုးရကိုသာ အလိုရွိကာ အမွန္တရားအတြက္ အမ်ားျပည္သူနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ သေဘာထားထုတ္ျပန္ထားပါတယ္။ယခုကဲ့သို႔မုံ႐ြာၿမိဳ႕နယ္ရွိ MYTEL စစ္ကိုင္းဌာနခြဲမွ အင္ဂ်င္နီယာစုစုေပါင္း ၇၁ဦးသည္ ရာထူးတာဝန္မွ ႏႈတ္ထြက္ရပ္နားျခင္းကို လက္မွတ္ေရးထိုးကာ သေဘာထားထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။

UNICODE

MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦး လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးအလုပ်တာဝန်များကို ယနေ့မှစတင်ကာ နှုတ်ထွက်ရပ်နားလိုက်ကြောင်း ကြေညာချက်အရ သိရပါတယ်။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှအင်ဂျင်နီယာစုစုပေါင်း ၇၁ဦးသည် တပ်မတော်မှ အာဏာသိမ်းမှုကြောင့် ရာထူးတာဝန်များအား ယနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့မှစတင်ကာ နှုတ်ထွက်ရပ်နားလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးမှ နှုတ်ထွက်ကြောင်း အသိပေးအပ်ပါသည်”လို့ Technical Department မှ မန်နေဂျာ ကိုသီဟဇော်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။တပ်မတော်ရဲ့ နိုင်ငံတော်အာဏာသိမ်းကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် နိုင်ငံသားများရဲ့ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် တစ်မျိုးသားလုံးနဲ့အတူ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြည်သူရွေးချယ်တင်မြှောက်သော ရွေးကောက်ခံအစိုးရကိုသာ အလိုရှိကာ အမှန်တရားအတွက် အများပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။ယခုကဲ့သို့မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦးသည် ရာထူးတာဝန်မှ နှုတ်ထွက်ရပ်နားခြင်းကို လက်မှတ်ရေးထိုးကာ သဘောထားထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။