Knowledge

အိမ်ကိုပြန်လို့ ခိုင်းလိုက်ရင်တောင် နေစရာအိမ် မရှိတဲ့ သမ္မတကြီးနဲ့ သမ္မတဖြစ်ဖို့ပေးဆပ်ခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဘဝ အပိုင်းအစများ

အိမ်ကိုပြန်လို့ ခိုင်းလိုက်ရင်တောင် နေစရာအိမ် မရှိတဲ့ သမ္မတကြီးနဲ့ သမ္မတဖြစ်ဖို့ပေးဆပ်ခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဘဝ အပိုင်းအစများ

သမ္မတ ဦးဝင်းမြင့်ဟာ လက်ရှိသမ္မတရာထူးကို လုယူခံရပြီဆိုတော့ သူ့ကို ထောင်ထဲ မပို့ဘဲ အိမ်ကိုပြန်လို့ စစ်တပ်က ခိုင်းလိုက်ရင် သူ့မှာ အိမ်မရှိဘူး။

နိုင်ငံတော်သမ္မတတစ်ယောက်က ကိုယ်ပိုင်အိမ်တောင် မရှိရှာဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးစရိတ် မရှိလို့ သူ့မှာရှိတဲ့ ကျောက်မြောင်းက တိုက်ခန်းလေးကိုရောင်းပြီး ရွေး ကောက်ပွဲဝင်ပြိုင်ခဲ့တာ..

အဲ့ဒီတုန်းက ပြည်သူ့သမ္မတအဖြစ် အစိုးရတာဝန်ထမ်းဆောင်ခဲ့ပေမယ့် အခုတော့ အိမ်ဆိုတာ ဘယ်မှာမှန်း မသိတော့တဲ့ သမ္မတကြီးရေ..

ကိုယ်ကျိူးဆိုတာ လုံးဝမကြည့်တဲ့ သမ္မတကြီးရေအခုတော့ ခင်ဗျား ဘယ်လိုလုပ်မလည်း

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ကန့်လန့်ကာနောက်ကွယ်ကကြေကွဲဖွယ်ရာ ဘဝအပိုင်းအစများ..

ဇနီးသည် ဒေါ်ချိုဟာ ရုတ်တရက် မမှတ်မိခဲ့ပါဘူး။

ပိန်ချုံးပြီး အရင်ရုပ် ဖမ်းလို့ မရအောင် ရုပ်ပျက်နေခဲ့တယ်လို့ ဒေါ်ချိုက ပြောပြခဲ့ပါတယ်။

အဲလို ပြန်လွှတ် ပေးတဲ့အချိန်မှာပဲ ဦးဝင်းမြင့် ပါတီက နုတ်ထွက်ရင် မော်တော်ကားပါမစ်၊ တီးအီးကားကြီးတစီးနဲ့ သယ် ဆောင်လာတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ပေးမယ်လို့ စည်းရုံးခဲ့ပေမယ့် ဦးဝင်းမြင့်က ငြင်းပါတယ်။

ရလဒ်က သားဖြစ်သူ အသုဘလည်းပြီး ထောင်ထဲကိုပဲ ပြန်ပို့ခံရပါတယ်။

အသုဘပြီးတော့ ထောင်ထဲမှာ တိုက်ပိတ်ခံခဲ့ရတယ်။

ကျွေးတဲ့ ထမင်းနဲ့ ပေးတဲ့ရေက အဆင်မပြေပေမယ့် မသေအောင် သူ ကြိတ်မှိတ် စားခဲ့ရတယ်။

အဲဒီတိုက်ထဲမှာ လေငန်းမဖြစ်အောင် သူတော်တော် ကြိုးစားခဲ့ရတယ်။

အဲဒီအချိန်မှာ ထောင်ထဲကို ICRC က လာ စစ်တော့ သူ့နာမည် မေးတဲ့အခါ ထောင်က မရှိဘူးလို့ လိမ်ခဲ့တယ်။

အဲဒီလိုနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ထောင်က ပြန်တဲ့အခါမှာ ဦးဝင်းမြင့်ကို ထောင်ထဲကထုတ်၊

ရန်ကုန်က ရဲမွန်ကို ပို့ပြီး ထမင်းဟင်းကောင်းကောင်း ကျွေး၊ ကျန်းမာရေး စောင့်ရှောက်မှုတချို့ပါပေးခဲ့လို့

ပိန်ချုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဦးဝင်းမြင့်တယောက် သေဘေးက လွတ်ခဲ့ရပါတယ်။

ဦးဝင်းမြင့် ပုံမှန် ပြန်ဖြစ်လာလို့ ICRC ကို ခေါ်ပြီး တွေ့ခွင့်ပေးခဲ့တဲ့အချိန်မှာတော့ ဦးဝင်းမြင့်ကို အဲဒီအဖွဲ့က သူတို့ သိချင်တာတွေ မေးပါတော့တယ်။

ဦးဝင်းမြင့်ကလည်း ဒီနေရာမှာ ပြောလို့ အဆင်မပြေလို့ ထောင်ထဲက ကွင်းကြီး တခုဆီကို လိုက်နိုင်ရင် ပြောပြမယ်လို့ ဆိုတဲ့အခါ

ICRC က လူတွေဟာ ခုံတွေမပြီး ဦးဝင်းမြင့်နောက်ကို လိုက်ခဲ့ကြပါတယ်။

ဘာလို့ဆိုရင် ထောင်က စီစဉ်ပေးတဲ့နေရာက အသံဖမ်းစက်တွေ ပြည့်နေလို့ပါပဲ။

အဲဒီလိုနဲ့ ဦးဝင်းမြင့်ကို နိုင်ငံရေးက ထွက်အောင် မစည်းရုံးနိုင်ခဲ့လို့ သူ့မိသားစုဝင်တွေ ဖြစ်တဲ့ ဇနီး ဒေါ်ချို၊ ကလေး ၂ ယောက်ကိုလည်း စည်းရုံးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒုတိယနှစ် တက်နေတဲ့ သားကို နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုရင် ပြောဖို့၊ ဆေးကုပေးမယ်ဆိုပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ချိုကတော့ ခင်ပွန်းဖြစ်သူရဲ့ ရပ်တည်ချက် အတိုင်းပဲလို့ တုန့်ပြန်ခဲ့ပါတယ်။

သမီးကြီးဖြစ်သူကိုလည်း စည်းရုံးလို့ မရတဲ့အခါ အလုပ်တွေမှာ အဆင်မပြေအောင် လိုက်နှောက်ယှက်တာကြောင့်

နောက်ဆုံးမှာ စင်ကာပူနိုင်ငံကို ထွက်သွားခဲ့ရပြီး ရတဲ့ဝင်ငွေနဲ့ မိသားစုကို ပြန်လည်ထောက်ပံ့ပေးခဲ့ရတာပါ။

ဒီဇာတ်လမ်းတွေကို ပြန်ပြောပြခဲ့တဲ့ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းဟာ.

ဇာတ်လမ်း မပြီးခင်မှာ ၃ ကြိမ်ထက် မနည်း မျက်ရည်တွေ ကျခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်ဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့ အခါ

တဦးတည်း ကျန်တော့တဲ့ သမီးဖြစ်သူ မင်္ဂလာဆောင်ကို မည်သည့် မင်္ဂလာ လက်ဖွဲ့ကိုမှ လက်ခံခြင်း မပြုလို့..

ဆုံးဖြတ်ချက်ကို ဦးဝင်းမြင့် ကိုယ်တိုင် ချခဲ့တာလို့ သမက်ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ဆိုပါတယ်။

အဲဒီ မင်္ဂလာဆောင်ကိုတောင် ဟိုတယ်မှာ ခမ်းခမ်းနားနား မလုပ်ဘဲ အကျဉ်းချုံး ကျင်းပဖို့ အထိ ဆုံးဖြတ်တာကြောင့်

ဇနီးဖြစ်သူ ဒေါ်ချိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်..

အကူအညီတောင်းလို့ မင်္ဂလာပွဲကို သင့်တင့်အောင် ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။

“သူက ဆုံးဖြတ်ပြီးရင် ပြန်ကို မပြင်ဘူး။

သူမှန်တယ်ထင်ရာ လုပ်တတ်တော့ ဒေါ်ချိုက မင်္ဂလာဆောင်ကိစ္စမှာ ဒေါ်စုကို သွားပြောရတယ်။

ဒေါ်စု ပြောရင်တော့ သူ (ဦးဝင်းမြင့်) နားထောင်တယ်” လို့ ဦးဝေလှိုင်ထွန်းက ပြောပါတယ်။