Knowledge

တစ်သောင်းတန် ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်ပြောကြား

တစ်သောင်းတန် ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်ပြောကြား

ကဲ ပရိတ်သတ်ကြီးရေ တစ်သောင်းတန် ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည့် သ တင်း မဟုတ်ကြောင်း မြန် မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ပြည်မြန်မာကို ပြောသည် ။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းများကို အခြေခံ၍ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် သတင်း ထုတ်ပြန်ရန်လည်း လုပ် ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည် ။

“ အဲဒီ တစ်သောင်းတန် တွေကို ပြန်သိမ်းမယ်ဆိုတာ မဟုတ်ပါဘူး ။ သတင်း ကတော့ ထုတ်ပြန်ရမှာပဲ ။ ဘာလို့လဲဆိုတော့ အလ ကားနေရင်းနဲ့ ပြည်သူတွေ စိတ်အနှောင့် အယှက် ဖြစ်ကြမယ်လေ ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကိုက တရားမဝင် ငွေကြေးအနေနဲ့ မလုပ်ပါဘူးဆိုပြီး မကြေညာ ပါဘူးဆိုပြီး သတ်မှတ် ထားပြီးသား ။

ပြန်သိမ်းနေတယ် ဆိုတာ မဟုတ်ပါဘူး ။ စိုးရိမ်မှာ စိုးလို့ကို ဘဏ်တွေကိုလည်း ပုံမှန်အတိုင်း ဝန်ဆောင် မှုပေးပါလို့ ညွှန်ကြားထား ပြီးသားပါ ။ ပြန်သိမ်းမယ် ဆိုတာတွေက မ ဟုတ်ပါဘူး ။

အလကားနေရင် စိတ်ပူနေကြမှာစိုးလို့ပါ ” ဟု မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ပြည်မြန်မာကို ပြောသည် ။ Source ; Pyi Myanmar