Knowledge

ဘဝတွေရင်း အချိန်တွေရင်းနေရတဲ့ အောက်ခြေရဲဘော်လေးတွေကိုသနားပါ

ရဲဘော်လေးတစ်ယောက်လမ်းကင်းစောင့်နေတယ်…။မကြာခင်ကားတစ်စီးဖြတ်လာပြီးကားပေါ်ကသက်တူရွယ်တူကောင်လေးတစ်ယောက်ကလှမ်းကြည့်တယ်။ရဲဘော်လေးပြုံးပြတယ်။နောက်တစ်ခါကားတစ်စီးပေါ်ကကောင်မလေးတွေကလှမ်းကြည့်သွားတယ်။ရဲဘော်လေးပြုံးပြတုန်းပဲ။ခနကြာတော့တောင်ယာသွားမယ့်ကောင်လေးတစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်သွားရင်းလှမ်းကြည့်ပြန်တယ်။ရဲဘော်လေးပြုံးပြစမြဲပဲ…။နေ့တစ်ပိုင်းလောက်ကြာတော့ယဉ်တန်းတွေတစ်စီးပြီးတစ်စီးဖြတ်တကားတွေကုန်သွားတဲ့အချိန်မှာယ်…ရဲဘော်လေးလက်တင်အလေးပြုတယ်။

လမ်းကင်းကပြန်…တောအုပ်ထဲဝင်ခေတ္တနားတဲ့နေရာကိုသွားပြီး…ထမင်းချက်စရာရှိတာချက်…။အိပ်ဖို့ပြင်ဆင်ပြီးနောက်တစ်နေ့ဘယ်ကိုသွားရမလဲဘယ်ထိသွားရမလဲဘာလုပ်ရမလဲဆိုတာတွေးတောရင်းအားမွေးရန်အိပ်ဖို့ပြင်တယ်။ပထမဆုံးကားပေါ်ကသက်တူရွယ်တူကောင်လေးကအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်မယ့်လူတစ်ယောက်။ဒုတိယကားပေါ်ကကောင်မလေးတွေကနိုင်ငံခြားကိုပညာတော်သင်သွားပြီးထူးထူးချွန်ချွန်အောင်မြင်ကြမယ့်ပညာရှင်တွေ။နောက်ဆုံးတောင်ယာသွားတဲ့ကောင်လေးကတောင်ယာလုပ်ရင်းဇနီးနဲ့ဒိုးတူပေါင်ဖက်လုပ်စားပြီးအေးအေးချမ်းချမ်းနေသွားမယ့်လူတစ်ယောက်။…………နောက်၅နှစ်ကြာတဲ့အခါ…သူတို့အားလုံးအဲ့ဒီလမ်းကိုအကြောင်းကိစ္စတစ်ခုခုနဲ့ဖြတ်သွားကြပြန်တယ်။အရင်နေရာလေးမှာပဲ…သူတို့အမှတ်မထင်တွေခဲ့တဲ့ရဲဘော်လေးလည်းရှိနေတုန်းပဲ…အရင်အတိုင်းပဲပြုံးပြမြဲ…အရင်အတိုင်းပဲယဉ်တန်းတွေလာရင်အလေးပြုမြဲ…

အရင်လိုပဲအားလုံးပြီးသွားရင်ကျောပိုးအိတ်လေးကောက်လွယ်ပြီးတောအုပ်ထဲပြန်ဝင်သွားမြဲ…#တစ်ချို့ဘဝတွေက_အချိန်တွေရင်း#ဘဝတွေပေးပြီး,,,,တိုင်းပြည်အတွက်#ပေးဆပ်ချစ်နေကြတဲ့ဘဝတွေ_ရှိတယ်ဒီလောက်,,ဘဝတွေအချိန်တွေပေးဆပ်ပြီးတိုင်းပြည်အတွက်ရင်းခဲ့ရသမျှတစ်ချို့အရပ်သားတွေရဲ့နှတ်ခါးတဲ့ဒဏ်လဲခံနေကြရတယ်။သူတို့လေးတွေလိုမပေးဆပ်နိင်ရင်,,,သူတို့လေးတွေလိုမစွန့်လွှတ်နိင်ရင်,,,သူတို့လေးတွေလိုတိုင်းပြည်ကိုအသက်ပေးပြီးမချစ်ရဲရင်သူတို့လေးတွေကိုလမ်းမှာတွေ့ရင်တောင်မမြင်ချင်ယောင်ဆောင်သွားပါ။သင်တို့တွေရဲ့နှုတ်စကားခါးသီးတဲ့ဒဏ်မခံရရင်,,,သင်တို့တွေသူတို့ဘဝကိုမမြင်တာမှသာ၍သူတို့အတွက်အေးချမ်းပါတယ်လေ,,,,

နန်းသိင်္ဂီနွယ်