Knowledge


အာဏာသိမ်းတာကို လက်မခံနိုင်လို့ ရာထူးက နုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့၀င်

ကျွန်တော်သည်မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲ၌ နှစ်(၂၀)တာဝန်ထမ်းဆောင်ပြီးနုတ်ထွက်လာသူတစ်ဦးဖြစ်ပါသည်။

ရဲတပ်ဖွဲ့၏ဆောင်ရွက်နေကြရမှု့အားလုံးကိုလည်း သိရှိပါသည် ကိုယ်ချင်းစာပါသည်။ဒီမတရားမှုကို လိုက်ပါ တာဝန်ထမ်းဆောင်နေကြရသောရဲတပ်ဖွဲ့ဝင်များ ၏ စိတ်ပိုင်းဆိုင်ရာခက်ခဲပင်ပန်းမှု့ကိုလည်းနားလည်ပါသည်။

မြန်မာနိုင်ငံပြည်သူလူထုအများစုသည်
ယခု မတရားအာဏာသိမ်းမှု့ကိုလုံးဝဆန့်ကျင်နေကြပြီဖြစ်ရယမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်းမိုးကျရွှေကိုများ၏မတရား မှု့များကိုကိုယ်တိုင်သိမြင်ခံစားနေကြရလိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ပြည်သူများ၏သောကကို ကူညီပေးနိုင်ကြရန်အတွက်လည်ကောင်း မိမိတို့၏ မတရားဖိနိပ်မှု့ကို တွန်လှန်ရန်အတွက်လည်ကောင်းယခုအာဏာသိမ်မှု့လုပ်ငန်းစဉ်များထဲသို့လိုက်ပါခြင်းမပြုကြဘဲ ဝိုင်းဝန်း ဆန့်ကျင်ပေးကြပါရန်

(အာဏာသိမ်းတာကိုဆန့်ကျင်ခြင်းကြောင့် ရာထူးအာဏာပြုတ်ခဲ့လျှင်တောင် နိုင်ငံနှင့်ပြည်သူကိုကယ်တင်ခဲ့ကြသောရဲတပ်ဖွဲ့ဆိုသည့်ဂုဏ်နှင့် သမိုင်းသစ်ကို ရေးထိုးနိုငိကြပါမည်။

ပြည်သူကိုကူညီနိုင်သော “ရဲ” ဆိုသည့်
ဂုဏ်ကိုမြှင့်တင်ကြကာပြည်သူ့သွေးသားစစ်စစ်ဖြစ်ကြောင်းပြသပေးကြပါခင်ဗျာ။

plz.. Share
Photo crdWilliam Thein maymyo