Knowledge


မြန်မာပြည်ရှိ ဆူဇူကီးကားစက်ရုံ (၂) ခုမှ ကားထုတ်လုပ်မှု ရပ်တန့်

တိုကျို၊ ဖေဖော်ဝါရီ (၂)

ယမန်နေ့က မြန်မာစစ်တပ်၏ အာဏာသိမ်းယူမှုအပြီး စက်ရုံလုပ်သားများ၏ လုံခြုံမှုအပေါ် စိတ်ချရစေရန် ၎င်းတို့၏ စက်ရုံ(၂) ခုမှ

မော်တော်ကားထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဆူဇူကီးမော်တာက ယနေ့ (အင်္ဂါနေ့) တွင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ လုပ်သား (၄၀၀) တာဝန်ထမ်းဆောင်နေသော စက်ရုံများကို စစ်တပ်က အာဏာသိမ်းခဲ့သည့် တနင်္လာနေ့ နေ့လည်ပိုင်းက ရပ်နားပစ်ခဲ့သည်။

သို့ရာတွင် မည်သည့်အချိန်တွင် စက်ရုံများအား ပြည်လည်ကာ လည်ပတ်သွားမည်ကို မဆုံးဖြတ်ရသေးပေ။

ဆူဇူကီးအနေဖြင့် မော်တော်ယာဉ် (၁၃၀၀၀) ကျော်အား ထုတ်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၌ မော်တော်ယာဉ် (၁၃၂၀၀) အား ရောင်းချခဲ့ရသည်ဟု သိရှိရသည်။

ထိုပမာဏသည် အရှေ့တောင်အာရှကားဈေးကွက်အတွက် မြန်မာကားသစ်ရောင်းချရမှုမှ ရာခိုင်နှုန်း (၆၀) ခန့် ရှိသော ဈေးကွက်ဝေစုဖြစ်သည်။

ထို့အပြင် ဆူဇူကီးအနေဖြင့် လာမည့် စက်တင်ဘာလ၌ မြန်မာပြည်တွင် နောက်ထပ် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံတစ်ခုအား စတင်လည်ပတ်သွားရန် စီစဉ်ထားသည်။

၎င်းစက်ရုံမှ နှစ်စဉ် မော်တော်ကား (၄၀၀၀၀) ကို ထုတ်လုပ်နိုင်ကာ ဖွံ့ဖြိုးဆဲ မြန်မာပြည်ဈေးကွက်တွင် ဈေးကွက်ဝေစုများ တိုးပွားလာစေရန် မျှော်လင့်ထားသည်။

Translated News: Kyodo News.
Photos: BETV Business.

credit  DHA NA