Knowledge

မြန်မာနိုင်ငံက ဘဏ်များအားလုံး (ဖေဖော်ဝါရီ ၂ ရက်) ကစပြီး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သွားမည်

မြန်မာနိုင်ငံက ဘဏ်များအားလုံး (ဖေဖော်ဝါရီ ၂ ရက်) ကစပြီး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သွားဖို့ မြန်မာနိုင်ငံဘဏ်များအသင်းက ဒီကနေ့ ညနေပိုင်းမှာ ကြေညာချက် ထပ်မံထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ နဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့ ဒီကနေ့ နေ့လယ်ပိုင်း အရေးပေါ်ဆွေးနွေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဘဏ်များအသင်းဝင်ဘဏ်တွေအားလုံးဟာ မနက်ဖြန်ကစပြီး ဘဏ်ဂန်ဆောင်မှုအားလုံးကို ပြန်လည်လည်ပတ်လုပ်ဆောင်နိုင်ကြောင်း ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ ဘဏ်တွေမှာ ငွေကြေးဝန်ဆောင်မှုပေးနေတဲ့ System Unavailable ဖြစ်နေခြင်း၊ Internet Connection မကောင်းခြင်းတို့ကြောင့် ဘဏ်များအနေဖြင့် ဝန်ဆောင်မှုပေးဖို့ အဆင်မပြေတဲ့အတွက်ဘဏ်တွေအနေနဲ့ ယာယီပိတ်ထားဖို့ မြန်မာနိုင်ငံ ဘဏ်များအသင်းက မနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ ကြေညာချက်ကို ပယ်ဖျက်ပြီး ဘဏ်တွေကိုပြန်ဖွင့်ဖို့ ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ AYA Bank ၊ KBZ bank အပါအဝင် စတဲ့ ပုဂ္ဂလိကဘဏ်တချို့ကလည်း မနက်ဖန်မှာ ဘဏ်လုပ်ငန်းပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ATM စက်တွေမှာလည်း ငွေထုတ်ယူနိုင်ပြီလို့ ကြေညာထားပါတယ်။

ဘဏ်တွေအားလုံးဟာ ဒီကနေ့မနက်ပိုင်းမှာ ချက်ခြင်းပိတ်လိုက်တဲ့အပြင် ပြန်ဖွင့်မယ့်ရက်ကိုလည်းမသိကြောင်းကြေညာလိုက်တာကြောင့် ATM စက်တွေမှာ ငွေထုတ်ဖို့လူတွေ စုဝေးခဲ့သလို၊ wave money ၊ Kpay ငွေထုတ်သူတွေလည်း အများစုရှိခဲ့ပါတယ်။

ဒါကြောင့် တချို့သော Wave money ကိုယ်စားလှယ်၊ Kpay ကိုယ်စားလှယ်တွေကလည်း ငွေထုတ်ပေးမှုကို အကန့်အသတ်နဲ့ထုတ်ပေးတာမျိုးပြုလုပ်ခဲ့ပါတယ်။

Crd…