Knowledge

စစ္အုပ္ခ်ဳပ္ေရးယႏၲရားေအာက္တြင္ မပါဝင္လိုေၾကာင္း က်န္းမာေရးဝန္ထမ္းမ်ား လႈပ္ရွားမႈစတင္

စစ္အုပ္ခ်ဳပ္ေရးယႏၲရားေအာက္တြင္ မပါဝင္လိုေၾကာင္း က်န္းမာေရးဝန္ထမ္းမ်ား လႈပ္ရွားမႈစတင္

စစ္တပ္ရဲ့ အုပ္ခ်ဳပ္ေရးယႏၲရားေအာက္မွာ မပါဝင္လိုေၾကာင္းထုတ္ေဖာ္ျပသတဲ့ လႈပ္ရွားမႈကို က်န္းမာေရးဝန္ထမ္းေတြက ဒီကေန႔ စတင္လိုက္ပါတယ္။
ေဖေဖၚဝါရီလ ၁ ရက္ေန႔ မနက္အေစာပိုင္းက နိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရေခါင္းေဆာင္ပိုင္းတခ်ိဳ႕ကို စစ္တပ္ကဖမ္းဆီးလိုက္ကာ နိုင္ငံေတာ္အာဏာသိမ္းယူလိုက္ၿပီးေနာက္ ဒီကေန႔ ေဖေဖၚဝါရီ ၂ ရက္ေန႔မွာ အခုလို လႈပ္ရွားမႈ စတင္လာတာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္/ကၽြန္မတို႔သည္ ျပည္သူ႔ဝန္ထမ္း ဆရာဝန္တစ္ေယာက္ပါ။ မိမိတို႔ ဆႏၵမဲေပးခဲ့ေသာ အစိုးရသည္သာ တစ္ခုတည္းေသာ တည္ဆဲအစိုးရျဖစ္ၿပီး စစ္အုပ္စု၏ အသစ္ဖြဲ႕စည္းထားေသာ အစိုးရအဖြဲ႕ဝင္မ်ားကို အယုံအၾကည္မရွိ လက္မခံပါ။ ထို႔ေၾကာင့္ စစ္အစိုးရ၏ ယႏၲရားထဲ မပါဝင္နိုင္ပါသျဖင့္ ၂.၂.၂၀၂၁ ရက္ေန႔မွ စ၍ အလုပ္မသြားပါ။ ျပည္သူ႔ေရြးေကာက္ခံ အစိုးရလက္ေအာက္တြင္သာ အလုပ္ လုပ္ကိုင္ပါမည္။” ဆိုတဲ့ စာသားမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ၿပီး Campaign ျပဳလုပ္ေနၾကတာပါ။

ဒါ့အျပင္ မႏၲေလးၿမိဳ႕ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဌာနက က်န္းမာေရးဝန္ထမ္းတခ်ိဳ႕က စတစ္ကာာအနက္ေရာင္ဖဲႀကိဳးမ်ားတပ္ဆင္ၿပီး Black Ribbon Campaign ကို ျပဳလုပ္ေနၾကပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေဒါက္တာသက္ခိုင္ဝင္းကို ခန႔္အပ္တယ္လို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ေၾကညာခဲ့ပါတယ္။

DVB

unicode

စစ်အုပ်ချုပ်ရေးယန္တရားအောက်တွင် မပါဝင်လိုကြောင်း ကျန်းမာရေးဝန်ထမ်းများ လှုပ်ရှားမှုစတင်

စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မပါဝင်လိုကြောင်းထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ စတင်လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် ဒီကနေ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ အခုလို လှုပ်ရှားမှု စတင်လာတာ ဖြစ်ပါတယ်။

“ကျွန်တော်/ကျွန်မတို့သည် ပြည်သူ့ဝန်ထမ်း ဆရာဝန်တစ်ယောက်ပါ။ မိမိတို့ ဆန္ဒမဲပေးခဲ့သော အစိုးရသည်သာ တစ်ခုတည်းသော တည်ဆဲအစိုးရဖြစ်ပြီး စစ်အုပ်စု၏ အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံပါ။ ထို့ကြောင့် စစ်အစိုးရ၏ ယန္တရားထဲ မပါဝင်နိုင်ပါသဖြင့် ၂.၂.၂၀၂၁ ရက်နေ့မှ စ၍ အလုပ်မသွားပါ။ ပြည်သူ့ရွေးကောက်ခံ အစိုးရလက်အောက်တွင်သာ အလုပ် လုပ်ကိုင်ပါမည်။” ဆိုတဲ့ စာသားများကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြီး Campaign ပြုလုပ်နေကြတာပါ။

ဒါ့အပြင် မန္တလေးမြို့ ဦးနှောက်နှင့်အာရုံကြောဌာနက ကျန်းမာရေးဝန်ထမ်းတချို့က စတစ်ကာာအနက်ရောင်ဖဲကြိုးများတပ်ဆင်ပြီး Black Ribbon Campaign ကို ပြုလုပ်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းကို ခန့်အပ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

DVB