Knowledge

ႀကိဳတင္ေဟာကိန္းထုတ္ခဲ့တဲ့ နကၡတၱေဗဒ ပညာရွင္ေလး ႏွင့္ (၂၀၂၁) ခုႏွစ္ ေဟာကိန္းမ်ား..

ကိုဗစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ နက္ခတ္တဗေဒ ပညာရှင်လေး နှင့် (၂၀၂၁) ခုနှစ် ဟောကိန်းများ..

အိန္ဒိယနိုင်ငံက ကမ္ဘာ့ အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန် အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ အကြောင်းပါတယ်။ နေ၊ လ၊ မာကျူရီ၊ ဂျူပီတာ၊ ဗီးနပ်စ်နဲ့ စနေဂြိုဟ်တို့ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ တစ်တန်းတည်းကျမယ်။

ဒါကို six-star concatenation လို့ခေါ်တယ်တဲ့။ ဒါကြောင့် ဖေဖေါ်ဝါရီလမှာ ထိတ်လန့်ဖွယ် သဘာဝဘေးအန္တရာယ်တွေကျရောက်နိုင်ပြီး စီးပွါးရေးပြိုလဲမှုတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့တယ်။

အာနန်(ဒ်) ရဲ့ဟောကိန်းတွေအားလုံးကတော့ မှန်ခဲ့တာတော့မဟုတ်ဘူး။ ဥပမာအားဖြင့် ၂၀၂၀ မှာ တတိယ ကမ္ဘာစစ်ဖြစ်လိမ့်မယ်။ အမေရိကန်၊ အီရန်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ပါဝင်မယ်ပြောခဲ့တာ တကယ်မဖြစ်ခဲ့ပါဘူး။

မှန်ခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလ၊ မနက်ဖြန်ကစပြီး သတိတော့ထားကြပါလို့။ “သတိဆိုတာ ပိုတယ်မရှိ” လို့ဆိုကြတယ်မဟုတ်လား။ ဘာသာတရားကိုးကွယ်သူတွေလည်း ဘုရားတရားမမေ့ကြဖို့..။

ဒါကတော့ ၂၀၂၁ မှာ ဘာတွေဖြစ်နိုင်တယ်ဆိုပြီး ထွက်ခဲ့တဲ့ ဟောကိန်းပါ..

အိန္ဒိယနိုင်ငံက ကမ္ဘာ့ အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန် အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းက အခုတစ်လော နာမည်ကြီးနေတယ်။

အာနန်(ဒ်) က ၂၀၀၆ ခုနှစ်မွေး၊ မွေးဇာတိက အိန္ဒိယနိုင်ငံ (Srirangapatna, Karnataka, India) ပေါ့။ သူ့ အသက် ၁၃ နှစ်အရွယ် (၂၀၁၉ ခုနှစ်) မှာ ကိုဗစ် နဲ့ ပတ်သက်တဲ့ဟောကိန်းတွေ မှန်တယ်ဆိုပြီး ကမ္ဘာကျော်သွားခဲ့သူ..။ အာနန်(ဒ်) ပြောခဲ့တာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာပေါ့။

သူ ထုတ်ဝေခဲ့တဲ့ YouTube ဗီဒီယိုမှာ “ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၀ ဧပြီလကြားမှာ အန္တရာယ်ရှိပါတယ်။ ကမ္ဘာကြီးမှာ ကူးစက်ရောဂါတစ်မျိုးပေါ်လာပြီး ဒါဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပြင်းထန်တဲ့အန္တရာယ်ပေးလိမ့်မယ်” လို့ လူတွေကို ကြိုတင်သတိပေးခဲ့တယ်။ ဒီဟောကိန်းက မှန်ခဲ့တယ်။

သိပ္ပံပညာရှင်တွေရဲ့စကားကို နားမထောင်ရင် ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေတောင် ကျန်ဖို့မလွယ်တာမို့ ဆေးပညာရှင်တို့စကားကို နားထောင်ကြဖို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ဗီဒီယိုထဲမှာ သူ အသေအချာ ပြောခဲ့ပါတယ်။

သူက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၅ ရက်မှာ ရောဂါကပ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သလိုဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ဒါတော့မှားခဲ့ပါတယ်။ ထူးထူးခြားခြား ထပ်မှန်တာတစ်ခုရှိပါသေးတယ်။

“၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်မှာ စေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ် တစ်တန်းထဲကျရောက်ပြီးပူးပေါင်းမယ်။ ဒီလို အခြားဂြိုဟ်တွေရဲ့ရွေ့လျားမှုဟာ ကမ္ဘာဂြိုဟ်ပေါ်ကလူသားတွေကို အဲဒီလို သက်ရောက်မှုရှိတယ်” “ ဒါ ဘာအဓိပ္ပါယ်လဲဆိုတော့ နောက်ထပ် ရောဂါပျံ့နှံ့မှုတစ်ခုဖြစ်နိုင်တာပဲ။ အဲ့ဒီရောဂါပျံ့နှံ့မှုနဲ့အတူ အခြားဘေးအန္တရာယ်တွေအများကြီး ထပ်ပေါ်လာဦးမယ်။ ၂၀၂၁ ၊မတ်လအထိဆက်ပြီး ရောဂါတွေအမျိုးမျိုး ဆက်တိုက်ကူးမှာမို့ သတိထားကြပါ” တဲ့။

အခု ဗြိတိန်က ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ (VUI-202012/01) အမျိုးအစားအသစ်ပြန့်ပွားမှုက အတော့်ကို ကြောက်စရာကောင်းနေတာမဟုတ်လား။ အခု နောက်ဆုံး တောင်အာဖရိက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ 501.V2 က ဗြိတိန်မျိုးကွဲထက်ကို ပိုကြောက်စရာကောင်းတယ်လို့သတင်းမှာ ကြေညာသွားတယ်။ လူငယ်တွေပါ စိုးရိမ်ရတဲ့ အနေအထားရှိတယ်တဲ့။ တောင်အာဖရိကကိုလည်း တခြားနိုင်ငံတွေက ခရီးသွားခွင့်တွေ ပိတ်ကုန်ကြပြီ။

ဒါကတော့ အာနန်(ဒ်) ရဲ့ အတော်တိုက်ဆိုင်တဲ့ ဟောကိန်းဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက သူ့ရဲ့ နောက်ဆုံး ဗီဒီယိုမှာတော့ ၂၀၂၁ ခုနှစ်အတွက် ဒီလိုပြောထားတယ်။

နိုဝင်ဘာလနှောင်းပိုင်းကစပြီး ကမ္ဘာကြီးတစ်ခုလုံး အကျပ်အတည်းကြုံရဦးမယ်လို့ပြောခဲ့တယ်။ စစ်ပွဲတွေ၊ ကပ်ဘေးတွေ၊ ရောဂါတွေဖြစ်မယ်။ စီးပွားရေးပြိုလဲမယ်။ ပြည်သူလူထုတွေက မီဒီယာ၊ အစိုးရအဖွဲ့တွေနဲ့ အချို့အဖွဲ့အစည်းတွေကို ကြောက်နေရမယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စီးပွါးရေးကပ်ဆိုက်မယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ဂျူပီတာဂြိုဟ်က စေတန်ဂြိုဟ်ကနေ ထွက်သွားမယ်။ ဒုက္ခတွေ တဖြည်းဖြည်းငြိမ်းလာမယ်။ ကမ္ဘာကြီး အသစ်ကပြန်စလိမ့်မယ်တဲ့။

အာနန်(ဒ်)က အသက် ၇ နှစ်အရွယ်ကတည်းက အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ကမ္ဘာပေါ်ရှိရှေးအကျဆုံးဘာသာစကားဖြစ်တဲ့ Sanskrit ဘာသာကို လှည့်လည်သင်ယူခဲ့တယ်။ ဉာဏ်သိပ်ကောင်းတဲ့ ပါရမီရှင်ကလေးကို ဆရာ၊ ဆရာမတွေကတောင် အတန်းထဲမှာ မေးခွန်းတွေမမေးဖို့ တားခဲ့ရတဲ့အဖြစ်။ အသက် ၁၀ နှစ်မှာ နက္ခတ်ဗေဒင်သင်တန်းကြော်ငြာပိုစတာကိုတွေ့ပြီး နက္ခတ်ဗေဒင်ပညာကိုသင်ဖို့ အလွန်စိတ်အားထက်သန်ခဲ့သတဲ့။

သူက ဒီနေ့ဖြစ်နေတဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်း (၇) ခုကို အဆိုပြုခဲ့တယ်။

၁။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ကိုယ့် ဘာသာရေးကိုယုံကြည်ပြီး ဘုရားတရားလုပ်ကြပါ။

၂။ ကာကွယ်ဆေးတွေပေါ်လာပြီး အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးလိမ့်မယ်ဆိုပေမဲ့ အဲ့ဒါ တကယ့်အဖြေမဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ – ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာ ကျွန်ုပ်တို့ရဲ့ကိုယ်ခံစွမ်းအားကိုပဲ အသုံးပြုရပါမယ်။” တဲ့။ (အီလက်ထရောနစ်နည်းပညာကို အသုံးမပြုကြဘဲ နေရောင်ခြည်၊ လေကောင်းလေသန့် စတဲ့ သဘာဝနဲ့ထိတွေ့ရမယ်။ အားကစားလုပ်ရမယ်)

၃။ စည်းလုံးကြပါ။ အပြုသဘောဆောင်သော စိတ်ခံစားမှုတွေ အချင်းချင်းဖြန့်ဝေပါ။

၄။ စီးပွားရေးကို စနစ်တကျစီမံပြီး စုတတ်ဆောင်းတတ်ပါစေ။

၅။ စားသောက်ဖို့ အသီးအနှံတွေ (တစ်နိုင်ပဲဖြစ်ဖြစ်) စိုက်ကြပါ။ အသားလျှော့စားပါ။

၆။ စိတ်ကျန်းမာရေးကို အထူးဂရုပြုပါ။

၇။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ အပင်တွေခုတ်၊ တိရစ္ဆာန်တွေသတ် မလုပ်ကြပါနဲ့။

အာနန်(ဒ်) က ခေတဲ့သူတော့ မဟုတ်ပါဘူး။ Global Child Prodigy ဆိုတဲ့ ပါရမီရှင်တွေကို အသိအမှတ်ပြုတဲ့အဖွဲ့အစည်းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည်းဖြစ်တယ်။

ဒါကတော့ သူ့ရဲ့ ကိုဗစ် ဟောကိန်းတွေပါ။ အခြား ကမ္ဘာ့ နိုင်ငံရေး၊ စီးပွါးရေးတွေ ဟောကိန်းထုတ်ပြီး ဖြစ်မလာတာတွေ၊ မှားတာတွေလည်း အများကြီးရှိပါတယ်။ ယုံကြည်တာ မယုံကြည်တာ၊ လက်ခံတာ လက်မခံတာထက် သတိဆိုတာ ပိုတယ်ရယ်လို့မရှိဘူးမို့..။ သူက ၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီလကုန်၊ မတ်လအထိ လူတွေအတော်ဒုက္ခရောက်မယ်လို့ဆိုတယ်။

မရွှေမိုး (ကိုရီးယား)

Zawgyi

ကိုဗစ္ကို ႀကိဳတင္ေဟာကိန္းထုတ္ခဲ့တဲ့ နကၡတၱေဗဒ ပညာရွင္ေလး ႏွင့္ (၂၀၂၁) ခုႏွစ္ ေဟာကိန္းမ်ား..

အိႏၵိယႏိုင္ငံက ကမာၻ႔ အသက္အငယ္ဆုံး နကၡတၱေဗဒပညာရွင္ အာဘီဂီယန္ အာနန္(ဒ္) Abhigyan Anand ရဲ႕ေဟာကိန္းထဲမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖၚဝါရီလ အေၾကာင္းပါတယ္။ ေန၊ လ၊ မာက်ဴရီ၊ ဂ်ဴပီတာ၊ ဗီးနပ္စ္နဲ႔ စေနၿဂိဳဟ္တို႔ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလမွာ တစ္တန္းတည္းက်မယ္။ ဒါကို six-star concatenation လို႔ေခၚတယ္တဲ့။ ဒါေၾကာင့္ ေဖေဖၚဝါရီလမွာ ထိတ္လန႔္ဖြယ္ သဘာဝေဘးအႏၲရာယ္ေတြက်ေရာက္ႏိုင္ၿပီး စီးပြါးေရးၿပိဳလဲမႈေတြျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းခဲ့တယ္။

အာနန္(ဒ္) ရဲ႕ေဟာကိန္းေတြအားလုံးကေတာ့ မွန္ခဲ့တာေတာ့မဟုတ္ဘူး။ ဥပမာအားျဖင့္ ၂၀၂၀ မွာ တတိယ ကမာၻစစ္ျဖစ္လိမ့္မယ္။ အေမရိကန္၊ အီရန္၊ အိႏၵိယနဲ႔ ပါကစၥတန္တို႔ပါဝင္မယ္ေျပာခဲ့တာ တကယ္မျဖစ္ခဲ့ပါဘူး။

မွန္ခဲ့တာေတြလည္းရွိပါတယ္။ ဒါေၾကာင့္ ေဖေဖၚဝါရီလ၊ မနက္ျဖန္ကစၿပီး သတိေတာ့ထားၾကပါလို႔။ “သတိဆိုတာ ပိုတယ္မရွိ” လို႔ဆိုၾကတယ္မဟုတ္လား။ ဘာသာတရားကိုးကြယ္သူေတြလည္း ဘုရားတရားမေမ့ၾကဖို႔..။

ဒါကေတာ့ ၂၀၂၁ မွာ ဘာေတြျဖစ္ႏိုင္တယ္ဆိုၿပီး ထြက္ခဲ့တဲ့ ေဟာကိန္းပါ..

အိႏၵိယႏိုင္ငံက ကမာၻ႔ အသက္အငယ္ဆုံး နကၡတၱေဗဒပညာရွင္ အာဘီဂီယန္ အာနန္(ဒ္) Abhigyan Anand ရဲ႕ေဟာကိန္းက အခုတစ္ေလာ နာမည္ႀကီးေနတယ္။

အာနန္(ဒ္) က ၂၀၀၆ ခုႏွစ္ေမြး၊ ေမြးဇာတိက အိႏၵိယႏိုင္ငံ (Srirangapatna, Karnataka, India) ေပါ့။ သူ႔ အသက္ ၁၃ ႏွစ္အ႐ြယ္ (၂၀၁၉ ခုႏွစ္) မွာ ကိုဗစ္ နဲ႔ ပတ္သက္တဲ့ေဟာကိန္းေတြ မွန္တယ္ဆိုၿပီး ကမာၻေက်ာ္သြားခဲ့သူ..။ အာနန္(ဒ္) ေျပာခဲ့တာ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လမွာေပါ့။ သူ ထုတ္ေဝခဲ့တဲ့ YouTube ဗီဒီယိုမွာ “ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလနဲ႔ ၂၀၂၀ ဧၿပီလၾကားမွာ အႏၲရာယ္ရွိပါတယ္။ ကမာၻႀကီးမွာ ကူးစက္ေရာဂါတစ္မ်ိဳးေပၚလာၿပီး ဒါဟာ ကမာၻႀကီးတစ္ခုလုံးကို ျပင္းထန္တဲ့အႏၲရာယ္ေပးလိမ့္မယ္” လို႔ လူေတြကို ႀကိဳတင္သတိေပးခဲ့တယ္။ ဒီေဟာကိန္းက မွန္ခဲ့တယ္။

သိပၸံပညာရွင္ေတြရဲ႕စကားကို နားမေထာင္ရင္ ကမာၻေပၚမွာ သက္ရွိသတၱဝါေတြေတာင္ က်န္ဖို႔မလြယ္တာမို႔ ေဆးပညာရွင္တို႔စကားကို နားေထာင္ၾကဖို႔ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ ဗီဒီယိုထဲမွာ သူ အေသအခ်ာ ေျပာခဲ့ပါတယ္။

သူက ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာ ၅ ရက္မွာ ေရာဂါကပ္က တျဖည္းျဖည္း ေမွးမွိန္ေပ်ာက္ကြယ္သလိုျဖစ္သြားမယ္လို႔ ေဟာကိန္းထုတ္ခဲ့တယ္။ ဒါေတာ့မွားခဲ့ပါတယ္။ ထူးထူးျခားျခား ထပ္မွန္တာတစ္ခုရွိပါေသးတယ္။

“၂၀၂၀ ခုႏွစ္၊ဒီဇင္ဘာ ၂၀ ရက္မွာ ေစတန္ၿဂိဳဟ္နဲ႔ ဂ်ဴပီတာၿဂိဳဟ္ တစ္တန္းထဲက်ေရာက္ၿပီးပူးေပါင္းမယ္။ ဒီလို အျခားၿဂိဳဟ္ေတြရဲ႕ေ႐ြ႕လ်ားမႈဟာ ကမာၻၿဂိဳဟ္ေပၚကလူသားေတြကို အဲဒီလို သက္ေရာက္မႈရွိတယ္” “ ဒါ ဘာအဓိပၸါယ္လဲဆိုေတာ့ ေနာက္ထပ္ ေရာဂါပ်ံ႕ႏွံ႔မႈတစ္ခုျဖစ္ႏိုင္တာပဲ။ အဲ့ဒီေရာဂါပ်ံ႕ႏွံ႔မႈနဲ႔အတူ အျခားေဘးအႏၲရာယ္ေတြအမ်ားႀကီး ထပ္ေပၚလာဦးမယ္။ ၂၀၂၁ ၊မတ္လအထိဆက္ၿပီး ေရာဂါေတြအမ်ိဳးမ်ိဳး ဆက္တိုက္ကူးမွာမို႔ သတိထားၾကပါ” တဲ့။

အခု ၿဗိတိန္က ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ (VUI-202012/01) အမ်ိဳးအစားအသစ္ျပန႔္ပြားမႈက အေတာ့္ကို ေၾကာက္စရာေကာင္းေနတာမဟုတ္လား။ အခု ေနာက္ဆုံး ေတာင္အာဖရိက ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ 501.V2 က ၿဗိတိန္မ်ိဳးကြဲထက္ကို ပိုေၾကာက္စရာေကာင္းတယ္လို႔သတင္းမွာ ေၾကညာသြားတယ္။ လူငယ္ေတြပါ စိုးရိမ္ရတဲ့ အေနအထားရွိတယ္တဲ့။ ေတာင္အာဖရိကကိုလည္း တျခားႏိုင္ငံေတြက ခရီးသြားခြင့္ေတြ ပိတ္ကုန္ၾကၿပီ။

ဒါကေတာ့ အာနန္(ဒ္) ရဲ႕ အေတာ္တိုက္ဆိုင္တဲ့ ေဟာကိန္းျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္၊ ႏို၀င္ဘာလက သူ႔ရဲ႕ ေနာက္ဆုံး ဗီဒီယိုမွာေတာ့ ၂၀၂၁ ခုႏွစ္အတြက္ ဒီလိုေျပာထားတယ္။

ႏို၀င္ဘာလေႏွာင္းပိုင္းကစၿပီး ကမာၻႀကီးတစ္ခုလုံး အက်ပ္အတည္းႀကဳံရဦးမယ္လို႔ေျပာခဲ့တယ္။ စစ္ပြဲေတြ၊ ကပ္ေဘးေတြ၊ ေရာဂါေတြျဖစ္မယ္။ စီးပြားေရးၿပိဳလဲမယ္။ ျပည္သူလူထုေတြက မီဒီယာ၊ အစိုးရအဖြဲ႕ေတြနဲ႔ အခ်ိဳ႕အဖြဲ႕အစည္းေတြကို ေၾကာက္ေနရမယ္။ အထူးသျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလမွာ စီးပြါးေရးကပ္ဆိုက္မယ္။

၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွာေတာ့ ဂ်ဴပီတာၿဂိဳဟ္က ေစတန္ၿဂိဳဟ္ကေန ထြက္သြားမယ္။ ဒုကၡေတြ တျဖည္းျဖည္းၿငိမ္းလာမယ္။ ကမာၻႀကီး အသစ္ကျပန္စလိမ့္မယ္တဲ့။

အာနန္(ဒ္)က အသက္ ၇ ႏွစ္အ႐ြယ္ကတည္းက အိႏၵိယမွာရွိတဲ့ ဟိႏၵဴဘုရားေက်ာင္းေတြမွာ ကမာၻေပၚရွိေရွးအက်ဆုံးဘာသာစကားျဖစ္တဲ့ Sanskrit ဘာသာကို လွည့္လည္သင္ယူခဲ့တယ္။ ဉာဏ္သိပ္ေကာင္းတဲ့ ပါရမီရွင္ကေလးကို ဆရာ၊ ဆရာမေတြကေတာင္ အတန္းထဲမွာ ေမးခြန္းေတြမေမးဖို႔ တားခဲ့ရတဲ့အျဖစ္။ အသက္ ၁၀ ႏွစ္မွာ နကၡတ္ေဗဒင္သင္တန္းေၾကာ္ျငာပိုစတာကိုေတြ႕ၿပီး နကၡတ္ေဗဒင္ပညာကိုသင္ဖို႔ အလြန္စိတ္အားထက္သန္ခဲ့သတဲ့။

သူက ဒီေန႔ျဖစ္ေနတဲ့ အက်ပ္အတည္းကိုေျဖရွင္းဖို႔ နည္းလမ္း (၇) ခုကို အဆိုျပဳခဲ့တယ္။

၁။ ဘယ္ဘာသာပဲ ကိုးကြယ္ကိုးကြယ္ ကိုယ့္ ဘာသာေရးကိုယုံၾကည္ၿပီး ဘုရားတရားလုပ္ၾကပါ။

၂။ ကာကြယ္ေဆးေတြေပၚလာၿပီး အတိုင္းအတာတစ္ခုအထိ ကာကြယ္ေပးလိမ့္မယ္ဆိုေပမဲ့ အဲ့ဒါ တကယ့္အေျဖမဟုတ္ပါဘူး။ ကိုယ္ခံစြမ္းအားကိုျမႇင့္တင္ပါ – ဗိုင္းရပ္စ္ကိုတိုက္ဖ်က္တဲ့ေနရာမွာ ကြၽႏ္ုပ္တို႔ရဲ႕ကိုယ္ခံစြမ္းအားကိုပဲ အသုံးျပဳရပါမယ္။” တဲ့။ (အီလက္ထေရာနစ္နည္းပညာကို အသုံးမျပဳၾကဘဲ ေနေရာင္ျခည္၊ ေလေကာင္းေလသန႔္ စတဲ့ သဘာဝနဲ႔ထိေတြ႕ရမယ္။ အားကစားလုပ္ရမယ္)

၃။ စည္းလုံးၾကပါ။ အျပဳသေဘာေဆာင္ေသာ စိတ္ခံစားမႈေတြ အခ်င္းခ်င္းျဖန္႔ေဝပါ။

၄။ စီးပြားေရးကို စနစ္တက်စီမံၿပီး စုတတ္ေဆာင္းတတ္ပါေစ။

၅။ စားေသာက္ဖို႔ အသီးအႏွံေတြ (တစ္ႏိုင္ပဲျဖစ္ျဖစ္) စိုက္ၾကပါ။ အသားေလွ်ာ့စားပါ။

၆။ စိတ္က်န္းမာေရးကို အထူးဂ႐ုျပဳပါ။

၇။ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းပါ။ အပင္ေတြခုတ္၊ တိရစာၦန္ေတြသတ္ မလုပ္ၾကပါနဲ႔။

အာနန္(ဒ္) က ေခတဲ့သူေတာ့ မဟုတ္ပါဘူး။ Global Child Prodigy ဆိုတဲ့ ပါရမီရွင္ေတြကို အသိအမွတ္ျပဳတဲ့အဖြဲ႕အစည္းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည္းျဖစ္တယ္။

ဒါကေတာ့ သူ႔ရဲ႕ ကိုဗစ္ ေဟာကိန္းေတြပါ။ အျခား ကမာၻ႔ ႏိုင္ငံေရး၊ စီးပြါးေရးေတြ ေဟာကိန္းထုတ္ၿပီး ျဖစ္မလာတာေတြ၊ မွားတာေတြလည္း အမ်ားႀကီးရွိပါတယ္။ ယုံၾကည္တာ မယုံၾကည္တာ၊ လက္ခံတာ လက္မခံတာထက္ သတိဆိုတာ ပိုတယ္ရယ္လို႔မရွိဘူးမို႔..။ သူက ၂၀၂၁ ခုႏွစ္ ၊ ေဖေဖၚဝါရီလကုန္၊ မတ္လအထိ လူေတြအေတာ္ဒုကၡေရာက္မယ္လို႔ဆိုတယ္။

မေ႐ႊမိုး (ကိုရီးယား)