Knowledge

အမောဖောက်နေတာတောင် ဆေးရုံမတက်နိုင်ပဲ သရက်ကင်လေးတွေရောင်းနေရှာတဲ့ ကလေးလေး

ဒီနေ့ ကလေးလေးတစ်ယောက် ၈၄ လမ်း ၄၁ ဒေါင့် နားမှာ သရက်ကင်ဗန်းလေး ကိုင်ပြီး တစ်ဖက်က ရင်ဘတ်လေး ဖိလိုက် ဆိုင်ကယ်တွေကို လိုက်တားလိုက် လုပ်နေတယ်။ မျက်နှာ လှမ်းကြည့်တော့လဲ မျက်နှာက မကောင်းဘူးတစ်ယောက်မှလဲ ဆိုင်ကယ်ကို ရပ်မပေးကြဘူး။

သူ့ကြည့်ပြီး သနားလာတာနဲ့ ဆိုင်ကယ်ကို သူ့ဘေးနား ထိုးရပ်ပြီး ကလေး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား မေးတော့ သူအသက်ရှုတွေ ကြပ်တယ်တဲ့ အသက်ရှုမဝဘူးတဲ့ မောနေရှာတယ်။ချွေးတွေလဲ ပြန်လို့။ သူ့ကို လမ်းဘေးနေရိပ်တဲ့ နေရာ ခန ထိုင်ခိုင်းလိုက်ပြီး ဘာလုပ်ပေးရမလဲ မေးတော့ အာဖျန်းဆေး လိုချင်တယ်တဲ့။

သူ့သုံးနေကျ ဟာလေးက အိမ်မှာ မေ့ကျန်နေခဲ့တာတဲ့။ သူ့ပိုက်ဆံလေး ကြည့်တော့လဲ အကြွေလေးတွေပဲ ရှိရှာတယ်။ ဗန်းထဲမှာလဲ သရက်ကင်တွေ အများကြီး ကျန်သေးတယ်။ကျွန်တော်လဲ သနားပြီး ကလေး ဆေးနာမည် သိလားလို့ မေးတော့ သူသိတယ်တဲ့။ အဲ့တာဆို လာ ဆိုင်ကယ်ပေါ်တတ် သွားဝယ်မယ် ဆိုပြီး ဆေးဆိုင်မှာ သူ့အတွက် အာဖျန်းဆေး လိုက်ဝယ်ပေးလိုက်တယ်။

လက်ထဲလဲ ၆ ထောင်ပဲ ပါခဲ့တာ ဆေးက ၄၅၀၀ ပေးရလို့ တော်သေးတယ်။သူ အဲ့ဆေးလေး သုံးလိုက်တော့ အရမ်း မသက်သာ ပေမယ့် ခုနကလောက် မဆိုးတော့ဘူး။သူ့အကြောင်း နည်းနည်း မေးကြည့်တော့ သူ့အသက်က ၁၂နှစ်ပဲ ရှိသေးတယ်။ ၆တန်းတက်နေတာ။ အဖေ မရှိတော့ဘူးတဲ့။ အမေတော့ ရှိတယ်တဲ့။ အမတစ်ယောက်လဲ ရှိတယ် ပြောတယ်။

အမကလဲ အိမ်ထောင် ကျသွားတော့ ကလေး နှစ်ယောက်နဲ့ အဆင်မပြေဘူး။ သူ့အမေကလဲ သူများတွေကို လိုက်နှိပ်ပေးရတာတဲ့။မိသားစုက အဆင်မပြေဘူးတဲ့။ နေနေတဲ့ အိမ်ကလဲ ကျူး တဲ့။ပိုက်ဆံ အကြွေးတွေ ရှိတယ်တဲ့။

သရက်ကင် အကုန် ရောင်းကုန်မှ နေ့ပြန်တွေ အမေက ပေးနိုင်မှာတဲ့။ ဘယ်ကလာတာလဲ မေးတော့ တံခွန်တိုင် ဘက်ကနေ လာရတာတဲ့။

မနက် ၇ နာရီ ၈ နာရီ ဝန်းကျင်ကနေ တစ်နေကုန် ရောင်းရတာ တစ်ခါတစ်လေ ရောင်းမကုန်ရင် မိုးချုပ်တယ်ပြောတယ်။ရောင်းမကောင်းတဲ့ နေ့ဆို အိမ်မပြန်ချင်ဘူးတဲ့။ နေ့ပြန်တွေက ညကျ အကုန်လာတောင်းကြတာ ပြောတယ်။

သူဒီကို အရင်ကတော့ ကားနဲ့ လာတာ ခု ကားမရှိတော့ ဆိုင်ကယ် တက္ကစီ နဲ့ လာရတာတဲ့။တက္ကစီခနဲ့ကျ ရောင်းရတာ အမြတ် သိပ်မကျန်ဘူးတဲ့။

ရောဂါဖြစ်တော့ မရောင်းရဘူး။ ဝယ်မစားကျဘူးတဲ့။ ဒါကုန်အောင် ရောင်းမှ ဖြစ်မှာဆိုပြီး ထသွားဖို့ လုပ်နေတော့ မင်းမသွားနဲ့ အိမ်ပြန်လိုက်ပို့မယ် ပြောတော့ သူငြင်းတယ်။ ဒါကုန်မှ ရမှာတဲ့။သူ ဇွတ်သွားဖို့ လုပ်တယ်။ မျက်နှာလဲ သိပ်မကောင်းတဲ့ ကိုယ်ပူ စမ်းကြည့်တော့ ကိုယ်တွေပူနေတယ်။

မင်းနေမကောင်းဘူးလား မေးတော့ သူမနေ့က မိုးတွေမိတာ သိပ်နေမကောင်းဘူးတဲ့။မင်းအမောဖောက်တာ ဆေးခန်း မပြဘူးလား မေးတော့ သူကုတင်၅၀၀ ကလေးဆေးရုံကို နှစ်ခါ တတ်ဘူးတယ်။

ပိုက်ဆံ မတတ်နိုင်လို့ သူဆေးရုံ မသွားနိုင်တော့ဘူးတဲ့။ အိမ်ကလဲ အကြွေးတွေနဲ့မို့ ဆေးရုံတတ်ဖို့ အဆင်မပြေဘူးလေတဲ့။ဒီအာဖျန်း ဆေးလေးနဲ့ပဲ အဆင်ပြေပါတယ်တဲ့။

ဆေးက တစ်ဘူးဘယ်လောက်ခံလဲ မေးတော့ တစ်ပတ်ပဲခံတယ် ပြောတယ်။ တစ်ပတ်တစ်ခါ ဝယ်ရတယ်တဲ့။ အဲ့တာဆို ငါမင်းကို တစ်ပတ်တစ်ခါ ဝယ်ပေးမယ်။ကူညီမယ် ကျောင်းဖွင့်ရင်လဲ ကျောင်းစာရေးကိရိယာ မှန်သမျှ အကုန် ဝယ်ပေးမယ် လို့ ပြောလိုက်တယ်။ ဘာမှတော့ သူပြန်မပြောဘူး။သူပြန်တော့မယ်တဲ့။

ဒါကုန်အောင် ရောင်းမှ ဖြစ်မှာ အမေ့ကို ပိုက်ဆံ ပေးရမှာ ဆိုပြီး ဇွတ်သွားမယ် လုပ်နေတော့ ခနလေး ငါသိတဲ့ ပရဟိတ ဆရာဝန် အမဆီကို ဖုန်းဆက်ပြီး အကူအညီ တောင်းကြည့်ဦးမယ် ပြောပြီး အမဆီကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြတော့ အမက ချက်ချင်း လာကူညီပေးတယ်။

ကလေးက အားနည်းနေတာ ဆေးရုံသွားမှ ဖြစ်မယ် ဆိုပြီး အိုးဝေနဲ့ ကုတင် ၅၀၀ ကိုသွားပြီး ပြတော့ ကလေးက ဒီနေ့မှ မသက်သာရင် မနက်ဖြန် ဆေးရုံတင်ရမယ် ပြောတယ်။သူဆေးရုံ မတတ်ချင်ဘူးတဲ့။

သူဆေးရုံတတ်ရင် အမေ့ကို ပိုက်ဆံ မပေးနိုင် ရင် နေ့ပြန်သမားတွေက လာကြမှာတဲ့။သူဆေးရုံမတတ်ချင်ဘူး ဇွတ်ပြောနေရှာတာ။

လောလောဆယ်တော့ ဆေးရုံက သောက်ဆေးတွေနဲ့ အသက်ရှု ကိရိယာလေး ပေးလိုက်တယ်။ အဲ့အမက ဆေးဖိုးတွေရော အကုန် ရှင်းပေးတယ်။ကလေးကိုလဲ သရက်ကင်တွေ သွားမရောင်းနဲ့တော့။

သူဝယ်မယ်ဆိုပြီး ကလေးကို ပိုက်ဆံပေးရှာတယ်။ ကျွန်တောိတို့ိကိုလဲ ကလေးကို အိမ်ထိရောက်အောင် သေချာ လိုက်ပို့ပေးပါတဲ့။သူညနေပိုင်း ဂျူတီရှိလို့ ခွဲခန်းဝင်ရမှာမို့ မအားတော့လို့ပါတဲ့။

လိုအပ်တာ ရှိရင် ဖုန်းဆက်လိုက်ပါ ဆိုပြီး အမက သေချာမှာပြီး ပြန်သွားတယ်။ကျွန်တော်တို့ သူ့ကို အိမ်ထိ လိုကိပု့ိတော့ သူအိမ်လေးက ရေတွင်းလေးဘေးမှာ ဆောက်ထားတာ နေဖြစ်ရုံလေးပါ။ သူ့အမနဲ့ တွေ့တော့ သူ့အမကို အကျိုးအကြောင် းပြောပြ၊ တကယ်လို့ မနက်ဖြန် မသက်သာရင် ဆေးရုံတင်ရမယ်လို့ ဆရာဝန်က ပြောတယ်။

အမတို့ ဆက်သွယ်ရမယ့် ဖုန်းရှိလား မေးတော့ သူတို့မှာ ဖုန်းမရှိဘူးတဲ့။အဲ့တာဆို ကျွန်တော့် ဖုန်းနံပါတ် ပေးခဲ့မယ်။ မနက်ဖြန် သက်သာသာ၊ မသက်သာသာ ဖုန်းဆက်ပေးပါလို့ ဆေးရုံတင်ရတယ် ဆိုလဲငွေရေးကြေးရေး မပူပါနဲ့ ပရဟိတ သမားတွေနဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းကြည့်ပေးပါ့မယ်။ကျွန်တော်တို့လဲ တတ်နိုင်သလောက် ကူညီပေးပါ့မယ် လို့ ပြောခဲ့တယ်။

ကလေးအကြောင်း သူ့အမကို မေးတော့ ကလေးက ရောဂါအခံ ရှိတယ်တဲ့။ အမောခနခန ဖောက်တတ်တာတဲ့။ အရင်ကတော့ ဆေးရုံ ခနခန တတ်ရတယ်။ ခု မပြေလည်လို့ ဆေးရုံ မတတ်နိုင်ဘူးတဲ့။အာဖျန်းဆေးတောင် ရပ်ကွက်ထဲက သူ့ကို သနားလို့ို ဆိုပြီး ဝယ်ဝယ် ပေးနေကျတာ။

ကလေးက အာဖျန်းဆေး ဖျန်းလိုက်ရင်တော့ သက်သာသွားတယ်တဲ့။ အမြဲ ဆောင်ထားရတာ ဆရာဝန်တွေကလဲ ဆောင်ခိုင်းထာတာတဲ့။ဒီနေ့ သူမေ့သွားလို့ စိတ်ပူနေတာတဲ့။

ကျွန်တော်တို့ကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောရှာတယ်။အန်တီရှိလား မေးတော့ အမေက သွားနှိပ်တာ ပြန်မလာသေးဘူးတဲ့။အိမ်က ကျူးလား မေးတော့ ဟုတ်တယ်တဲ့။

အစိုးရက ဖျက်ဆို ဖျက်ရမှာတဲ့။ ကျွန်တော်တို့လဲ တစ်ခုခု လိုတာရှိရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေး ပေးခဲ့လိုက်တယ်။ မနက်ဖြန်လဲ ကလေးက မသက်သာရင် ဆေးရုံတတ်ခိုင်းဖို့် ပြောခဲ့လိုက်တယ်။ အတတ်နိုင်ဆုံး ကူညီပါ့မယ် လို့ ပြောခဲ့တယ်။သူတို့ကတော့ မနက်ဖြန် သေချာပေါက် ဆက်မယ် ပြောတာပဲ။

သူ့စက်ဘီးလေးလဲ ပြင်ချင်တယ်။ ကျောင်းသွားရင် စီးဖို့်တဲ့။ ကျောင်းဖွင့်ခါနီး အကုန် လာလုပ်ပေးမယ် လို့ သူ့ကို ပြောခဲ့တယ်။ကလေးခမျာ တစ်နေကုန် ဈေးရောင်းနေတော့ သူမှာ ကလေးသဘာဝ ဆော့ချင်ရှာမှာလေ။သူ့မှာ အချိန်မရရှာဘူး။ မနက်လဲ ထရတာတဲ့။ ကလေးနဲ့တောင် မလိုက်ဘူး။ လောကဓံ ခံရရှာတာ။

တကယ် သနားဖို့ ကောင်းတယ်ဗျ။ဝဋ်ရှိရင် ဒီဘဝနဲ့ပဲ ကြေပါစေ။ မင်းလဲ နေအမြန်ကောင်းပါစေ။မိဘကို လုပ်ကျွေးနေတဲ့ မင်းက တစ်နေ့မှာ သူတော်ကောင်းနဲ့ တွေ့မှာပါ။ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ဒီနေ့တစ်နေကုန် အစစအရာရာ လိုက်ကူညီပေးတဲ့ ဆရာဝန်မလေးDaw Thar TharLayကို ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ။ အမဒီထက်မကလဲ ကူညီနိုင်ပါစေ။ ဒီထက်မကလဲ လှူနိုင်ပါစေဗျာ။ မှတ်ချက် ပုံကိုခွင့်တောင်းပြီးမှတင်တာပါ။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-ကိုတက်