Knowledge

(၁၉၉၉) ခုနှစ်ကလှူဒါန်းခဲ့တဲ့ ဆွမ်းစားကျောင်းဆောင်ကို ပြန်လည်ပြုပြင်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ထက်ထက်မိုးဦး

တခေတ်တစ်ခါက အရမ်းကိုနာမည်ကျော် လူကြိုက်များခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးကတော့ သူ့ခေတ်သူ့အခါတုန်းက အလှူတွေအများကြီး ပြုလုပ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ ထက်ထက်တို့ခေတ်က ဖေ့ဘုတ်စ်တွေ ခေတ်မစားသေးတဲ့အတွက် ပရိသတ်တွေမသိပေမယ့် သူမ အနုပညာကြေးလေးတွေနဲ့ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးရှိခဲ့ပါတယ် ။

လတ်တလောမှာတော့ ထက်ထက်က သူမ ၁၉၉၉ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်က အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ စလှူခဲ့တုန်းကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ် သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။

နာယကချုပ်ဆရာတော်ကလည်း “ကျောင်းဒါယိကာမကြီး ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ သံဃာတွေဟာ အမြဲတမ်းတစ်နေ့ ၂ ကြိမ် ဝေနေယျသတ္တဝါတွေ ပစ္စည်းလေးပါးဒါယကာ ဒါယိကာမတွေကို မေတ္တာပို့သပေးနေတာကြောင့် ကုသိုလ်တွေ သံဃာတွေရဲ့မေတ္တာတွေအမြဲရနေမှာပါ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ပျော်မပြတတ်အောင် ကြည်နူးခဲ့ရသလို ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် အလုပ်တွေလုပ်ရင်း သဒ္ဒါပေါက်လို့ ဒါနမြှောက်ခဲ့တာဖြစ်တယ်လို့လည်းရေးသားဖော်ပြခဲ့ပါတယ် ။

Source : Htet Htet Moe Oo
Maria ( Yaung Chi)