Knowledge
ပြည်သူတွေ ငွေထုတ်ယူဖို့အတွက်ပဲ ဖွင့်ပေးခဲ့တဲ့ AYA ဘဏ်
နေပြည်တော်၊ ရွှေကြာပင် AYA ဘဏ်ခွဲဒီနေ့ဖွင့်ပါတယ်။
ဖွင့်တယ်ဆိုပြီးသတင်းကြားလို့သွားကြည့်တာ ပိုက်ဆံထုတ်ပေးနေပါတယ်။
ငွေလွှဲ / ငွေသွင်း လုပ်လို့မရပါ။ပြည်သူတွေ ငွေကြေးကြပ်တည်းမစိုးလို့ငွေထုတ်ယူဖို့အတွက်ဘဲ ဖွင့်ပေးတာပါတဲ့။
နေ့စဉ်မဖွင့်ပါတဲ့။
တစ်ပတ်မှာ တစ်ရက်လောက်တော့ ဖွင့်ပေးပါမယ်တဲ့။ကိုယ်ကတော့ ငွေသွားထုတ်တာမဟုတ်ပါ။
အကြွေးရှိလို့ အတိုးတက်သွားမစိုးလို့ငွေသွားသွင်းတာပါ။
အကြွေးလည်းမဆပ်ပါနဲ့ဦးတဲ့။သွင်းငွေ လက်မခံပါတဲ့။အတိုးလည်း မတက်ပါဘူးတဲ့။
မှတ်မိသေးတယ်။
ကိုဗစ်ကာလ ပြည်သူတွေ ဒုက္ခရောက်တုန်းကချေးငွေတွေကို (၃) လ အတိုးမတက်ဘဲ လျှော်ပေးခဲ့တဲ့ ဦးဇော်ဇော် (AYA) ။
တကယ်ဘဲ ပြည်သူတွေ မကျပ်တည်းဖို့ တစ်ခုတည်းအတွက် ပိုက်ဆံထုတ်ပေးတဲ့ Service တစ်ခုဘဲ ပေးနေတာဆိုရင်တော့…တကယ်ကို ကျေးဇူးကမ္ဘာပါ။
Credit
နေ့စဉ်မဖွင့်ပါတဲ့။
မှတ်မိသေးတယ်။
Credit