Knowledge


အိမ်ကထွက်ခါနီး ဇနီးက တားတော့ ငါမထွက်ရင်ငါ့လိုမထွက်တဲ့သူတွေများသွားရင်ဘယ်လိုလုပ်မလဲတဲ့

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အိမ်က ထွက်ခါနီး ဇနီးက တားတော့ “ငါမထွက်ရင်ငါ့လိုမထွက်တဲ့သူတွေများသွားရင်ဘယ်လိုလုပ်မလဲတဲ့” နင်သေရင် ဗိုက်ထဲက ကလေးလေးကို မမွေးပေးဖူးနော်လို့ စိတ် ဆိုးတော့ ဇနီးကို ချော့မော့ပြီး ရအောင် ထွက်ခဲ့ပါတယ် ။

အမေ့ဆီကလဲ မုန့်ဖိုး (၁၀၀၀) တောင်းတော့ အမေကလဲ စိတ်မချလို့ သံပုရာသီး တစ်လုံး လွယ်အိတ်လေးထဲ အဆောင် သဘောမျိုး ထည့်ပေးလိုက်သေးပါတယ် ။

(၂) နှစ်အရွယ် သမီးလေးကို ပွေ့ချီ နဖူးလေးကိုနမ်းပြီး အဖေပြန်လာမယ်နော်ဆိုပြီး အိမ်ကနေထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူဒီနေ့ ပြန်မလာနိုင်ခဲ့ဘူး ။ အိမ်ပြန်အလာ မျော်နေတဲ့ ချစ်ဇနီး သမီးလေးနဲ့ မွေးအမေ တို့ကို အပြီးတိုင် နှုတ်ဆက် သွားခဲ့ပါပြီ ။

သူတို့ပစ်လိုက်တဲ့ ကျည်ဆံတတောင့်က လူကို သတ်ပစ်နိုင်ရုံတင် မဟုတ်ပါဘူး ။ ကျန်ရစ်တဲ့ သူတွေရဲ့ အသည်းပေါင်း များစွာကိုလဲ ကြေမွ ပျက်ကြွေသည်အထိ ခွဲပစ်နိုင်သေးတယ်ဆိုတာ မသိကြလေရော့လား ။

ဘာမှ မတော် ဘဲ ငိုရမယ် ဆိုတာ မတွေးထားဘူး ။ ထပ်တူ ငိုရပါတယ် ညီမလေးရယ် ရင်တွေ နာရပါတယ် ။

အာဏာရှင်အလိုမရှိ သူတို့ အာဏာရူးတာ ဘာလက်နက် မှမရှိတဲ့ ပြည်သူတွေသေရတယ် ။ ဘယ် လောက်တွေ သေပေးရအုံးမှာလဲ တော်ကြပါတော့ ။ အရေးတော်ပုံကြီး အောင်ရမည် ။