Knowledge


မေမေမပူနဲ့ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်” သူရဲကောင်းလေး ခန့်အောင်ဖြိုး သူ့မေမေကို နောက်ဆုံးပို့ခဲ့တဲ့စာလေး

သူငယ်ချင်း ခန့်အောင်ဖြိုး သူ့မေမေဆီနောက်ဆုံးပို့ခဲ့တဲ့စာလေး

“မေမေလည်းမပူနဲ့ သားလည်းမပူဘူး စိတ်ချပါ သားကိုသားလှူထားပြီးသားနိုင်ငံအတွက်ရဲဝံ့မယ်။ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ်ငရဲခေတ်မှာ လူသတ်မယ်” တဲ့

သွေးသားမတော်စပ်တဲ့ ကိုယ်တွေတောင် မျက်ရည်ပေါက်ကြီးငယ်ကျနေတာမိသားစုတွေ

နှလုံးသားတွေကြွေမွပျက်စီးနေပါပြီ

ယုဇနဥယျာဉ်ပုဏ္ဏမီ မှာ Headshot ထိပီးကျဆုံးသွားတဲ့

၁၉ နှစ် Civil First Year ကျောင်းသားပါ သူရဲကောင်း ခန့်အောင်ဖြိုး၊ ပညာတတ်တွေ ဆုံးရူံးခဲ့ရပြီ။

မိခင် – ရှူးတိုးတိုး ကျမသားလေး ဒီမှာရှိနေတာ ဘယ်သူမှမပြောပါနဲ့ သူတို့တွေ လာဆွဲလိမ့်မယ်

မောင်လေး -မေမေသားပြန်လာရင်ကြက်ကြော်စားမယ်နော်

အမေတစ်ခု သားတစ်ခု ဘယ်လောက်တောင်ချစ်ကြရှာမလဲ

သှေးမတောျ သားမစပျဘဲ ဘေးကနေ ကွားရတဲ့ ကမြတို့အဖျို့ တောငျ ရူးမတတျပါဘဲ အနျတီရယျ

သူလို့ပဲ သုသာန်မှာ ကျည်ထိပြီး ကျဆုံးတဲ့ အာဇာနည် သူရဲကောင်း အမေတွေရဲ့ ငိုကြွေးသံ ညံလို့ ….

ညီလေးရေ ငါတို့ယုဇနမှာ အရင်ဆုံးစွန်းတဲ့သွေးက မင့်သွေးတွေတဲ့လားကွာ…..

ရင်းရက်လေပြီပေါ့ ငါ့ညီရယ်….

မင်း ယုံယုံကြည်ကြည်နဲ့ ဝင်ခဲ့တဲ့တိုက်ပွဲကို ငါတို့ဆက်တိုက်မယ်…..

မင်းလိုချင်ခဲ့တဲ့ မြန်မာပြည်ကြီးဖြစ်လာအောင် ငါတို့ဆက်ကြိုးစားမယ်….

ငါ့ညီလေးရေ ငါတို့ညကမှစကားပြောခဲ့ကြသေးတယ်ကွာ….တကယ်ကိုစိတ်မကောင်းပါဘူး ညီငယ်ရေ။

ငါတို့မင်းရဲ့စွန့်လွှတ်မှုကို အလကားမဖြစ်စေရဘူးလို့ကတိပြုပါတယ်ကွာ…..ငါတို့အကြွေး ရအောင်ပြန်ယူမယ်….

အသက် ၁၈နှစ်ညီငယ် ခန့်အောင်ဖြိုး(ကျဆုံး)ယုဇနဉယျာဥ်မြို့တော်….