Knowledge

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်လိုက်တဲ့အခါ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်မိတယ်။

လှည်းကို တွန်းပြီး သွားနေတဲ့ ဒီညီလေး ကိုတွေ့တယ်။

တစ် ခွက် ဘယ်လောက်လဲ။

၅၀၀ ပါ အစ်ကို။

ခွက် ၃၀ ပေးကွာ။

ဟာ — ဟုတ်ကဲ့အစ်ကို။

ငါ ပြန်လာယူမယ် ဟုပြောပြီး လုပ်စရာရှိတာ သွားလုပ်။

ပြန်လာတော့ ခွက် ၃၀ ပြင်ဆင်ပြီးနှင့်ပြီ။

ပြီးပြီ အစ်ကို …တကယ်တော့ ငါက တစ်ခွက်ပဲ သောက်မှာဗျာ — ငိုင်ကျသွားပြီး မျက်နှာ တချက်ညိုးသွားသည်။

ပြီးတော့ ချက်ချင်းပြုံးပြီး ရပါတယ် အစ်ကို ဟု ပြုံးလျှက် ထုပ်ပြီးသား ရွှေရင်အေးတစ်ခွက် ကမ်းပေးသည်။

ညီလေး — ကိုယ်က တစ်ခွက်ပဲ သောက်မှာ။

ဝယ်မှာက ခွက် ၃၀။

၂၉ ခွက်ကို ညီလေး သွားရင်းနဲ့ လမ်းဘေးမှာ သက်ကြီးရွယ်အိုနဲ့ကလေး၊သောက်ချင်နေတဲ့ သူတွေကို အမောပြေ တိုက်ပေးပါ။

ဒီတခါ တကယ် လှပတဲ့အပြုံးနဲ့ စိတ်ချပါ အစ်ကိုရယ်ဟု ပြန်ပြောသည်။

မိမိပေးသော ငွေကို ကိုင်လျှက် လှည်းကို ငွေဖြင့် ပုတ်လိုက်သည်ကို ကြည့်ခြင်းဖြင့် အခုမှ ဈေးဦးပေါက်ခြင်း ဖြစ်သည်ကို သိလိုက်ရသည်။

ကိုယ်တိုင်လဲ အမောပြေပါစေ။သူတစ်ပါးရဲ့အမောတွေကိုလည်း ပြေစေတဲ့သူဖြစ်ပါစေ ညီလေးရေ။

မိမိလည်းရန်သူကို တိုက်ရင်း ၊လဲနေသူကို ထူရင်း၊ဝမ်းနည်းသူကို နှစ်သိမ့်ရင်း နဲ့ ကိုယ့်မျက်ရည်စ တွေကို လူမမြင်အောင် သုတ်လိုက်ပြီးအပြုံးမျက်နှာနဲ့ပဲ ဒီလမ်းကို ဆက်လျှောက်ဘို့ ထွက်ခွါ ခဲ့ပြန်တယ်။

ဒီခရီး နီးပါပြီ

Yel kyaw thu