Knowledge

ဒီနေ့မနက် တာမွေဘက် ကိစ္စတစ်ခုရှိလို့ သွားတာတာမွေ ရဲစခန်း အကျော်လေးမှာ ဘာသွားတွေ့လဲ ဆိုတော့…

ဒီနေ့မနက် တာမွေဘက် ကိစ္စတစ်ခုရှိလို့ သွားတာတာမွေ ရဲစခန်း အကျော်လေးမှာ ဘာသွားတွေ့လဲ ဆိုတော့

ပန်းတွေ ချထားတဲ့ နေရာလေးတစ်ခု

အဲ့နေရာမှာ ဒူးထောက်ပြီး ရင်ကွဲပက်လက် ငိုနေတဲ့အမျိုးသမီး တစ်ယောက်သေချာကြည့်မှ ဆေး၁ ကခလေးခန့်ငြားဟိန်းအမေရယ်….

သူ့သားလေး ကျသွားတဲ့နေရာမှာ လာငိုနေတာဘေးကနေ ဖြတ်ရင်း စိတ်ဟာ ချီတုံချတုံညီမရယ် ဆိုပြီး ပြေးပွေ့ အားပေးချင်ပေမယ့်…

ကိုယ်တိုင်ဟာ အဲ့အချိန်မှာ ရင်ထဲဆို့ပြီး လှုပ်မရတော့ဘူး

မြင်ကွင်းဟာ လုပ်ကြံထားတာ မဟုတ်ဘူး

မြင်ရတဲ့သူတောင် လူက တုန်နေပြီး မျက်ရည်ကျလာတာကိုယ်တိုင်ခံစားနေရတဲ့ အမေကိုဘယ်လိုအင်အားနဲ့ နှစ်သိမ့်ရမယ်မသိဘူး။

ခလေးတွေကို ကြက်ဌက်သတ်သလိုရက်ရက်စက်စက် သတ်သူတွေ…

နင်တို့ရဲ့ ယုတ်ညံ့လွန်းတဲ့ စိတ်နဲ့ လုပ်ရပ်တွေကြောင့်ဆွေစဉ်မျိုးဆက်တိုင် လူတောမတိုး ပညာမဲ့ပြီးငြိမ်းချမ်းသော သေခြင်းနဲ့ မကြုံရပါစေနဲ့သစ္စာဆိုပြီး ကျိန်ဆိုတယ်။

မိခင်တွေရဲ့ မျက်ရည်နဲ့ ကျိန်တဲ့ ကျိန်စာအမြန်ဆုံးထိကြပါစေ

ရင်ကွဲပက်လက်