Knowledge


ရင်တွေခွဲခဲ့တဲ့ “ရင်ခွဲရုံ”

“ရင်ခွဲရုံ” တဲ့… ဟုတ်တယ်

ပြည်သူတွေရဲ့ မိသားစုတွေရဲ့ ရင်တွေကိုပါ ခွဲသွားတာ။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးရဲ့ 15.3.2021 နံက်ခင်း ရေခဲတိုက် ရင်ခွဲရုံမှာ ညကပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အလောင်း(၁၆)လောင်းရှိနေပါတယ်။ (၃)လောင်းကတော့ အမည်မသိပိုင်ရှင်မဲ့ဖြစ်နေပြီး ပိုင်ရှင်သိရတဲ့ (၁၃)လောင်းရဲ့ မိသားစုတွေက ရင်ခွဲရုံရှေ့မှာ မနက်အစောပိုင်းထဲက ရောက်ရှိနေကြပါတယ်။

ကျနော်တို့မီဒီယာတွေရောက်သွားချိန် မြင်ကွင်းက အရမ်းဆို့နင့်ကြေကွဲစရာကောင်းပါတယ်။

ရင်ခွဲရုံထဲမှာဆရာဝန်ကြီးတွေ ခွဲစိတ်နေတယ်လို့သိရပြီး အပြင်မှာတော့ မိသားစုတွေရဲ့ ငိုကြွေးသံတွေက ပြည့်နက်နေတာပေါ့။

(၁၇)နှစ် သားလေးရဲ့မိခင်က

“နင်တို့တွေလိုချင်တာအကုန် ငါ့ဆီကယူသွားပါ၊ ငါ့သားလေးကိုတော့ပြန်ပေးပါ၊ သားလေးကိုမမြင်ရသေးပဲငါမယုံဘူး၊ သားလေးကငါ့ကိုစနေတာငါသိတယ်” အရူးတစ်ယောက်လိုပါပဲ။

တက်တူးတွေအပြည့် ထောင်ထောင်မောင်းမောင်းအကိုကြီးတစ်ယောက် မျက်ရည်တွေနဲ့ “ငါ့ညီအတွက် မင်းတို့တွေကို ကမ္ဘာမကြေဘူး” တဲ့အမျိုးသမီးငယ်တစ်ယောက်ကတော့ “အကိုကြီးရယ် ညီမလေးကိုတစ်ယောက်ထဲထားခဲ့ပြီလား”တဲ့။မောင်နှမ နှစ်ယောက်ထဲရှိတာလို့ ဘေးကတစ်ယောက်က ခပ်တိုးတိုးပြောတယ်။

ကျနော်လည်းဒီလိုငိုယို အော်ဟစ်သံတွေကြားမှာ ကင်မရာကိုဆက်ပြီးမရိုက်ချင်တော့လောက်အောင့ရင်ထဲမှာ ဆို့နင့် လာတယ်။

ဒီလိုရင်ကွဲစရာတွေဘယ်လောက်ထိ မှတ်တမ်းတင်နေရမှာလည်းဗျာ။

ပျော်စရာသတင်းတွေ ရိုက်ကူးရမယ့်အချိန်ကိုမြန်မြန်ရောက်ချင်ပြီဗျာ…

ချမ်းငြိမ်းစိုး

Photo – Chan Nyein Soe