Celebrity

ကိုချစ်မင်းသူရဲ့ ဇနီးဖြစ်သူအား ကိုယ်ဝန်နဲ့ပတ်သက်ပြီးတာဝန်ယူစောင့်ရှောက်မှုတွေအကုန်လုပ်ပေးမယ့် နီနီခင်ဇော်

အခုဆိုလည်း မြန်မာနိုင်ငံရဲ့ နေရာဒေအနှံအပြားမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် သေဆုံးသူတွေများပြားခဲ့ရာ ဒဏ်ရာရရှိသူတွေလည်း ရှိနေခဲ့ပါတယ်။သေဆုံးသူတွေရဲ့ သတင်းတွေတက်လာတိုင်း ပြည်သူအားလုံးက မိသားစုနဲ့ထပ်တူ မျက်ရည်ကျကာ ကြေကွဲဝမ်းနည်းခဲ့ကြတာအမှန်ပါပဲနော်။ကမ္ဘာတစ်ဝှမ်းကလည်း ဆိုးဝါးလွန်းတဲ့ ခုအခြေအနေတွေကိုစိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။

အဲ့လို တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ အာဇာနည်တွေကိုလည်း အနုပညာရှင်တွေက ကိုယ်တိုင်သွားရောက်ကာ အလှူငွေများသွားရောက်လှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလည်း နီနီခင်ဇော်က တော်လှန်ရေးမှာကြွေလွင့်သွားတဲ့ ကိုချစ်မင်းသူအားအလှူငွေများလှူဒါန်းရင်း ဇနီးဖြစ်သူအား ကိုယ်ဝန်နဲ့ပတ်သက်ပြီး တာဝန်ယူကာအစအဆုံးစောင့်ရှောက်မှုတွေပြုလုပ်ပေးမယ်ဖြစ်ကြောင်း ခုလိုရေးသားဖော်ပြခဲ့ပါတယ်။

“မြောက်ဒဂုံက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်​ဆောင် ဇနီးနဲ့ သမီး​လေးအတွက် တတ်နိုင်တဲ့ ဘက်ကသွား​​ရောက်ကူ​ပေးခဲ့ပါတယ်…. ကိုယ်ဝန်နဲ့ဆို​တော့ယခု အချိန်က​နေစပြီး ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ ​စောင့်​ရှောက်မှု​တွေ (ဆီးစစ် ​သွေးစစ်တာ​နေစ လိုအပ်​သော​အစစအရာရာ) ​မွေးဖွားပြီးသည်အထိ နီနီတို့ သူငယ်ချင်း မတည် ထားတဲ့ ဆန္ဒမွန်အခမဲ့ကုသိုလ်ဖြစ်သားဖွား​ဆေးခန်းက​နေ တာဝန်ယူ​ပေးသွားပါမယ်ဆိုတဲ့အ​​​ကြောင်းလည်းအား​ပေးရင်း ညီမ​အားတင်းထားဖို့​ပြောခွင့်ရခဲ့ပါတယ်ကိုချစ်မင်းသူတာဝန်​ကျေခဲ့သလို ကျမတို့ပြည်သူ​တွေလည်း အချင်းချင်းပြန်ကူညီကြတာမြင်ရလို့ကျမတို့အား​တွေထပ်ဖြစ်ရပါတယ်လိုက်ခဲ့ပေးတဲ့ Ninians ကိုယ်စားပြု Aye Thiri Khine Julian ​ကျေးဇူးတင်ပါတယ်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Ni Ni Khin Zaw