Knowledge


ညီညီ ကျဆုံးသွားတဲ့ နေရာလေးမှာ ထူးဆန်းစွာနဲ့ ညတိုင်းလာပြီး ထိုင်နေတတ်တဲ့ ကြောင်လေးတစ်ကောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက စတင် လိုက်တဲ့ ဒီ အခြေ အနေကြီးကတော့ပြည်သူတွေရဲ့ စိတ်ထဲကို ဒီနေ့ အချိန်ထိတိုင် လွှမ်းမိုး ထားဆဲဖြစ်ပါတယ်။

ပြည်သူ လူထုကလည်း အမှန်တရားအတွက် ရင်ဆိုင်နေကြတာဖြစ်လို့ အားမလျော့ကြသေးဘဲ အကုန်လုံး စည်းစည်းလုံးလုံး ရှိနေကြဆဲပဲဖြစ်ပါတယ်။

ဒီတစ်လ ကျော်အတွင်းမှာ ဆိုရင်လူထု လှုပ်ရှားမှုတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း အယောက် (၅၀) ကျော် ရှိနေပြီ ဖြစ်လို့ ပြည်သူ လူထု ကတော့ ကျန်ရစ်သူ မိသားစု တွေနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်း ပူဆွေးနေ ရတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း ကျန်ရစ်သူ မိသားစုဝင်တွေကို အားပေးစကားတွေနဲ့ နှစ်သိမ့်ပြီး ကူညီ စောင့်ရှောက်ပေး ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က လှည်းတန်းမှာ ဝမ်းဗိုက်ကို ကျည်ဆံထိပြီး ကျဆုံးသွားတဲ့ သူရဲ ကောင်း ညီညီအောင်ထက်နိုင် ဆိုရင် အသက် (၂၃) နှစ်လေးပဲ ရှိပါသေးတယ်။

ညီညီ ကျဆုံးသွားတဲ့ နေရာလေးမှာ ပြည်သူ တွေက ဆီမီးတွေ ထွန်းပေးပြီး ပန်းလေးတွေ ပါပြင်ဆင် ပေးထား ကြတာဖြစ်ပါတယ်။

အခုလိုမျိုး ငယ်ငယ် ရွယ်ရွယ်နဲ့ အနာဂတ်ရဲ့ ကြယ်ပွင့် လေးဆုံးရှုံးသွားရ တာကြောင့် မိသားစုဝင် တွေကလည်း အရမ်းခံစား ခဲ့ရတာဖြစ်ပါတယ်။

ညီညီ့ရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့ တစ်ဦးတည်းသော ညီလေးကို အရမ်းချစ်ပြီး အတူ ရှိစဉ် တုန်းက အမှတ်တရ တွေကို ပြန်တွေးကာ သတိရနေတာဖြစ်ပါတယ်။

ကျဆုံး သွားတဲ့ သူရဲကောင်းလေး ညီညီ ကတော့ တိရိစ္ဆာန်လေးတွေ ကိုလည်းကြင်နာတတ်တာကြောင့် ကြောင်လေး တစ်ကောင်ကိုလည်း မွေးထားတာဖြစ်ပါတယ်။

ညီညီမွေးထားတဲ့ကြောင်လေးဆိုရင် သခင်မရှိတော့တဲ့ အချိန်မှာ ဓာတ်ပုံလေးအရှေ့ကိုသာ သွားပြီးအိပ်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း လှည်းတန်းက ညီညီ ကျဆုံးသွားတဲ့ နေရာလေးမှာ ကြောင် လေးတစ်ကောင်က ညတိုင်းလာနေတာ ဖြစ်ပါတယ်။

ကြောင်လေးကတော့ အဲ့နေရာ လေးမှာ ငြိမ်ငြိမ် လေးသာ ထိုင်ပြီး အဖော်ပြုပေးသလိုမျိုး နေနေတာဖြစ်ပါတယ်။

ဘဝ တစ်ပါးကို ကူးပြောင်း သွားပြီဖြစ်တဲ့ ညီညီ့ကိုတော့ ပြည်သူ လူထုက ယနေ့အချိန်ထိတိုင်အောင် သတိရ နေဆဲဖြစ်ပြီး သူကျဆုံးသွားတဲ့ နေရာလေးမှာလည်း ပန်းလေး တွေကို အမြဲမပြတ် ထားပေးကြတာဖြစ်ပါတယ်။

အခုလိုဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူးတင်လျက်ပါ။

Credit