Celebrity

အခြေအနေတွေတည်ငြိမ်သွားရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက် ပညာရေးအထောက်အပံ့များပေးမယ့် ခိုင်သင်းကြည်

အခြေအနေတွေတည်ငြိမ်သွားရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက် ပညာရေးအထောက်အပံ့များပေးမယ့် ခိုင်သင်းကြည်

ပရိသတ်တွေချစ်ခင်အားပေးရတဲမင်းသမီးချောခိုင်သင်းကြည်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလိုအကယ်ဒမီထူးချွန်ဆုတွေလည်းသိမ်းပိုက်ရရှိထားတဲ့သူတစ်ယောက်ပါ။ခိုင်သင်းကြည်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူနဲ့တစ်သားတည်းရပ်တည်နေတာကိုလည်းတွေ့ရပါတယ်။

ဒီနေ့မှာတော့မင်းသမီးခိုင်သင်းကြည်ကလူထုလှုပ်ရှားမှုတွေမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားမီးတွေကိုထောက်ပံ့ပေးသွားမှာကိုအခုလိုပြောပြလာပါတယ်။ခိုင်သင်းကြည်ကအခုလည်းအခြေအနေတွေတည်ငြိမ်သွားရင်ကြွေလွင့်သွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက်ပညာရေးထောက်ပံ့ပေးမှုတွေကိုကူညီလှူဒါန်းပေးမယ့်အကြောင်းခုလိုရေးသားဝေမျှလာပါတယ်။

ကတိပေးပါတယ်ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့သူတွေရဲ့သားသမီးတွေပညာရေးကို lifelong support လုပ်ပေးဖို့လိုတယ်မြင်မိပါတယ်။အခြေအနေတွေတည်ငြိမ်သွားရင်ကျွန်မရဲ့ဝင်ငွေထဲကနေလစဉ်လှူဒါန်းဖို့ကတိပြုပါတယ်သူတို့အနာဂတ်တွေမပျက်စေဖို့ဝိုင်းဝန်းကြမယ်နော်စာလေးပဲဖြစ်ရာလေးစားလွန်းတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။