Knowledge

မိုးကုတ္ေရပူေက်ာင္းဆရာေတာ္ လူဝတ္လဲ ခံရ….

Zawgyi ျဖင့္ဖတ္ရန္

မိုးကုတ္ေရပူေက်ာင္းဆရာေတာ္ လူဝတ္လဲ ခံရ

မိုးကုတ္ေရပူေက်ာင္းဆရာေတာ္ ဦးဣႏၵကဟာ မေန႔ မတ္လ ၁၁ရက္ေန႔ ညေနပိုင္းက လူဝတ္လဲ ဖမ္းဆီးခံလိုက္ရတယ္လို့ သိရပါတယ္။ဆရာေတာ္ဦးဣႏၵကကို မိုးကုတ္က ဆႏၵျပမွုေတြ ဦးေဆာင္တယ္ဆိုၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကတည္းက ၅၀၅(ခ) နဲ႔ အမွုဖြင့္ထားတာ ျဖစ္ေပမယ့္ မေန႔ကမွ လာေရာက္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဦးဣႏၵကရဲ့ တပည့္ဆရာေတာ္တပါးျဖစ္တဲ့ ဦးေရဝတက “ဆရာေတာ္နဲ႔ ၈၈မ်ိဳးဆက္က ကိုစိုးေဌးကို မိုးကုတ္သပိတ္ေတြစထြက္တဲ့ ေဖေဖာ္ဝါရီ ၇ရက္ေန႔ၿပီး သိပ္မၾကာခင္မွာပဲ သပိတ္ဦးေဆာင္တယ္ဆိုၿပီး ၅၀၅(ခ)နဲ႔ စြဲထားတာ။ မေန႔က ညေန ၅နာရီေလာက္မွာေတာ့ ေက်ာင္းကို လာဖမ္းတာ။ ဆရာေတာ္နဲ႔အတူ ဦးဇင္းကိုယ္တိုင္အပါအဝင္ ကိုရင္ေတြေရာ ၅ပါး အဖမ္းခံရတာ။

ဦးဇင္းနဲ႔ ကိုရင္ေတြကို ျပန္လႊတ္လိုက္ေပမယ့္ ဆရာေတာ့္ကိုေတာ့ အမွုဖြင့္ထားတယ္ဆိုၿပီး ျပန္လႊတ္မေပးေတာ့တာ။ ဦးစိုးေဌးကေတာ့ အဖမ္းမခံလိုက္ရဘူး” လို့ VOM ကို မိန႔္ပါတယ္။မေန႔က မိုးကုတ္ဆႏၵျပပြဲကို မ်က္ရည္ယိုဗုံးေတြနဲ႔ ၿဖိဳခြဲၿပီးေနာက္ ေရပူဆရာေတာ္အပါအဝင္ လူဦးေရ ၄၀ နီးပါး ဖမ္းခံခဲ့ရၿပီး လတ္တေလာ မိုးကုတ္ၿမိဳ့ ေတာင္ကခ်င္အခ်ဳပ္ေထာင္မွာ ထိန္းသိမ္းထားတယ္လို့ သိရပါတယ္။

ဆရာေတာ္ ဦးဣႏၵကကို သံဃနာယက မပါဘဲ လူဝတ္လဲ ဖမ္းဆီးခဲ့တာလို့ ဆရာေတာ္ရဲ့ တပည့္ဆရာေတာ္ ဦးေရဝတက မိန႔္ပါတယ္။ဆရာေတာ္ ဦးဣႏၵကဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကလည္း ေရပူေက်ာင္းကို တိုးခ်ဲ႕ေဆာက္လုပ္စဥ္မွာ တရားမဝင္ေက်ာက္မ်က္တူးေဖာ္မွု ပုဒ္မ ၄၁ (က) နဲ႔ (ခ)၊ သစ္ေတာဥပေဒ ၄၂ (ခ)၊ သာသနာညႇိုးႏြမ္းေစမွု ပုဒ္မ ၂၉၅ ေတြနဲ႔ ဇြန္လ ၉ရက္ေန႔မွာ လူဝတ္လဲဖမ္းဆီးခံရၿပီး အိုးဘိုေထာင္ထဲကေန တႏွစ္နီးပါး အမွုရင္ဆိုင္ခဲ့ရပါေသးတယ္။

#VoiceOfMyanmar #VOM

Unicode ျဖင့္ဖတ္ရန္

မိုးကုတ်ရေပူကျောင်းဆရာတော် လူဝတ်လဲ ခံရ

မိုးကုတ်ရေပူကျောင်းဆရာတော် ဦးဣန္ဒကဟာ မနေ့ မတ်လ ၁၁ရက်နေ့ ညနေပိုင်းက လူဝတ်လဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ဆရာတော်ဦးဣန္ဒကကို မိုးကုတ်က ဆန္ဒပြမှုတွေ ဦးဆောင်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပေမယ့် မနေ့ကမှ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဦးဣန္ဒကရဲ့ တပည့်ဆရာတော်တပါးဖြစ်တဲ့ ဦးရေဝတက “ဆရာတော်နဲ့ ၈၈မျိုးဆက်က ကိုစိုးဌေးကို မိုးကုတ်သပိတ်တွေစထွက်တဲ့ ဖေဖော်ဝါရီ ၇ရက်နေ့ပြီး သိပ်မကြာခင်မှာပဲ သပိတ်ဦးဆောင်တယ်ဆိုပြီး ၅၀၅(ခ)နဲ့ စွဲထားတာ။ မနေ့က ညနေ ၅နာရီလောက်မှာတော့ ကျောင်းကို လာဖမ်းတာ။ ဆရာတော်နဲ့အတူ ဦးဇင်းကိုယ်တိုင်အပါအဝင် ကိုရင်တွေရော ၅ပါး အဖမ်းခံရတာ။

ဦးဇင်းနဲ့ ကိုရင်တွေကို ပြန်လွှတ်လိုက်ပေမယ့် ဆရာတော့်ကိုတော့ အမှုဖွင့်ထားတယ်ဆိုပြီး ပြန်လွှတ်မပေးတော့တာ။ ဦးစိုးဌေးကတော့ အဖမ်းမခံလိုက်ရဘူး” လို့ VOM ကို မိန့်ပါတယ်။မနေ့က မိုးကုတ်ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက် ရေပူဆရာတော်အပါအဝင် လူဦးရေ ၄၀ နီးပါး ဖမ်းခံခဲ့ရပြီး လတ်တလော မိုးကုတ်မြို့ တောင်ကချင်အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဆရာတော် ဦးဣန္ဒကကို သံဃနာယက မပါဘဲ လူဝတ်လဲ ဖမ်းဆီးခဲ့တာလို့ ဆရာတော်ရဲ့ တပည့်ဆရာတော် ဦးရေဝတက မိန့်ပါတယ်။ဆရာတော် ဦးဣန္ဒကဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ရေပူကျောင်းကို တိုးချဲ့ဆောက်လုပ်စဉ်မှာ တရားမဝင်ကျောက်မျက်တူးဖော်မှု ပုဒ်မ ၄၁ (က) နဲ့ (ခ)၊ သစ်တောဥပဒေ ၄၂ (ခ)၊ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ တွေနဲ့ ဇွန်လ ၉ရက်နေ့မှာ လူဝတ်လဲဖမ်းဆီးခံရပြီး အိုးဘိုထောင်ထဲကနေ တနှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။

#VoiceOfMyanmar #VOM