Knowledge

ယောကျာ်းလို မထွက်တဲ့သူတွေများလာရင် ဒီမိုကရေစီ ဘယ်လိုရမလဲတဲ့ သေရင်တောင်တန်တယ်တဲ့ ခုတော့ လူမမယ်ကလေးနဲ့ မီးနေသည်မိန်းမကိုထားခဲ့ပြီးအသက်ပေးသွားရရှာပြီ…..

ယောကျာ်းလို မထွက်တဲ့သူတွေများလာရင် ဒီမိုကရေစီ ဘယ်လိုရမလဲတဲ့ သေရင်တောင်တန်တယ်တဲ့ အဲ့တာကြောင့်သူထွက်ပေးတယ် လေးစားပါတယ်..မြောက်ဒဂုံသပိတ်မှာ ကျဆုံးခဲ့သူရဲ့ဇနီး

မနက်ကလေ သူကနေ့တိုင်းထွက်ပါတယ်။မထွက်နဲ့လို့အတန်တန်ပြောပါတယ်သူ့ကို။

ကလေးလေးလည်း နောက်တစ်ယောက်ရှိနေသေးတဲ့အတွက် မသွားပါနဲ့လို့ပြောပါတယ်။

ယောကျာ်းရေ မသွားပါနဲ့ တစ်ခုခုဖြစ်ရင် ဒုက္ခရောက်မှာဆိုပြီး အမြဲတမ်းပြောပါတယ်။ သူကမရဘူး သွားတယ်‌ နေ့တိုင်း။

သေရင်တောင်တန်တယ်တဲ့။ သူတစ်ယောက်မထွက်ရင် သူ့လိုလူတွေများသွားရင် ဘယ်လိုလုပ်မလဲတဲ့။

သူ့လိုလူတွေများသွားရင် ဒီနိုင်ငံက ဒီမိုကရေစီမရတော့ဘူးတဲ့။ ဒီမိုကရေစီမရမှာစိုးရိမ်နေတာ။ ခုကျတော့ဘာရလဲ။သူသေတာပဲအဖတ်တင်တာ။

အခု ကျွန်မတို့မှာ ကျွန်ယောကျာ်းအလောင်းတောင်မမြင်ရသေးဘူး။သေတာ အခုမမြင်ရသေးဘူး။

အလောင်းကို ဆေးရုံခေါ်သွားလားလဲမသိသေးဘူး။ ဘာမှမသိရဘူး ။ဘာမှမသိရဘူး။

သူ့ကိုထွက်သွားမှာစိုးလို့လေ သူ့ကိုညီမအမြဲတမ်းတားတယ်။နင်ထွက်သွားရင် နင်ရဲ့နောက်ထပ်ကလေးလေးကိုငါမ‌မွေးပေးဘူး။

မလုပ်ပါနဲ့မိန်းမရယ်တဲ့။ ငါ့ကိုခွင့်လွှတ်ပေးပါတဲ့။ကလေးကိုလဲမလုပ်ပါနဲ့‌တဲ့။

တော်ပါတော့ တော်ပါတော့ ကျွန်တော် မပြောချင်တော့ဘူး။

ဘာမှ မတော် ဘဲ ငိုရမယ် ဆိုတာ မတွေးထားဘူး ထပ်တူ ငိုရပါတယ် ညီမလေးရယ်  ရင်တွေ နာရပါတယ် အာဏာရှင်အလိုမရှိ သူတို့ အာဏာရူးတာ ဘာလက်နက် မှမရှိတဲ့ ပြည်သူတွေသေရတယ် ဘယ်လောက်တွေ သေပေးရအုံးမှာလဲ တော်ကြပါတော့

မထွက်တဲ့သူတွေများလာရင် ဒီမိုကရေစီ ဘယ်လိုရမလဲတဲ့ အဲ့တာကြောင့်သူထွက်ပေးတယ်လေးစားပါတယ်ပေးဆပ်မှုက တန်ဖိုးကြီးတယ်

အစားထိုးမရတဲ့ တန်ဖိုးရှိတဲ့ လူအသက်တွေကို လုပ်ရက်ကြတယ်။ အာဇာနည်ရဲ့အသက်တွေနဲ့ရင်နှီးရတဲ့ အရေးတော်ပုံ အမြန်အောင်မြင်ပါစေ။ ကျဆုံးသူတွေရဲ့မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါတယ်။

ကြည့်ရင်းကို မိသားစုနဲ့ ထက်တူ ရင်တွေကွဲပါပြီ အရမ်းကြွေကွဲဖို့ကောင်းတယ် ။ ရက်စက်လိုက်ကြတာ ဒီလို ဘယ်နှစ်ယောက် ထပ်ပြီး ပေးဆပ်နေကြရဦးမှာလဲနော်

Videoကြည့်ရန်