Celebrity

သီဟတင်စိုးရဲ့ချစ်ဇနီး အကယ်ဒမီ ဇင်မာဦး ကွယ်လွန်သွားရတဲ့ အကြောင်းအရင်း….

အကယ်ဒမီမင်းသားကြီး သီဟတင်စိုးရဲ့ချစ်ဇနီး အကယ်ဒမီ ဇင်မာဦး ယနေ့နေ့လည်တွင်ကွယ်လွန်သွားရတဲ့ အကြောင်းအရင်း

ရုပ်ရှင်သရုပ်ဆောင်ဇင်မာဦးဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့က အောင်ရတနာဆေးရုံမှာကွယ်လွန်သွားပါတယ်။

အကယ်ဒမီဇင်မာဦးဟာ အဆုတ်ကင်ဆာဝေဒနာကိုခံစားနေရတာ နှစ်နှစ်ကျော်ပြီဖြစ်ပြီး ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားတာဖြစ်တယ်လို့ သားဖြစ်သူ စစ်နိုင်သီဟဦးက ဘီဘီစီကိုပြောပါတယ်။

ဇင်မာဦးဟာ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးရဲ့ဇနီးဖြစ်ပြီး “သီတာခုနစ်တန်” ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက်(၅၁) နှစ် ရှိပြီးဖြစ်ပြီး သားတစ်ဦး နဲ့သမီးတစ်ဦိးကျန်ရစ်ခဲ့ပါတယ်။

အကယ်ဒမီဇင်မာဦးရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာရှိခဲ့တဲ့အနက် ဒိုး၊ တိုက်ပွဲခေါ်သံ၊ စုန်ရေ၊ ငရဲသား၊ အလှသစ္စာတရား စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ပရိသတ်ကြားအအောင်မြင်ဆုံးရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ဇင်မာဦး ကွယ်လွန်

သရုပ်ဆောင် အကယ်ဒမီ ဇင်မာဦး အသက်(၅၁)နှစ်ဟာ အဆုတ်ကင်ဆာ ရောဂါဖြင့် ဒီကနေ့ မတ်လ(၁၁)ရက်နေ့၊ ညနေ(၃)နာရီ (၅၀)မိနစ် အချိန်ခန့်က အောင်ရတနာ ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဇင်မာဦး ကောင်းရာသုဂတိလားပါစေ လို့ MC Team မှ ဆုတောင်းမေတ္တာ ပို့သပေးလျက်…..