News

စစ်ကောင်စီ မှ ရက္ခိုင့် တပ်တော် (ULA/AA) လက်နက်ကိုင် အဖွဲ့အား အကြမ်းဖက်အဖွဲ့ အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ

အာဏာသိမ်း စစ်ကောင်စီ လက်အောက် က မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ မှ ယနေ့ မတ်လ (၁၁) ရက်မှာ AA အဖွဲ့ ကို အကြမ်းဖက် အဖွဲ့အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (ULA/AA) လက်နက်ကိုင် အဖွဲ့ဟာ အကြမ်းဖက် လုပ်ငန်းများ ကို ပြုလုပ်ခြင်းမရှိ တော့တာကြောင့် အာဏာသိမ်း စစ်ကောင်စီ က ချမှတ် ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ် နှင့် ဦးတည်ချက် (၉)ရပ် တို့နဲ့ အညီ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ULA /AA အား အကြမ်းဖက် အဖွဲ့အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့တာ ဖြစ်တယ် လို့ စစ်ကောင်စီ က ထုတ်ပြန်ထားပါ တယ်။

ရက္ခိုင့်တပ်တော် (AA)ကို မြန်မာနိုင်ငံ အကြမ်းဖက် မှု တိုက်ဖျက်ရေးဗဟို အဖွဲ့ က ၂၀၂၀ ခုနှစ်၊ မတ်လ(၂၃)ရက် နေ့ မှာ အကြမ်းဖက် အုပ်စု အဖြစ် ကြေညာခဲ့ တာဖြစ်ပါတယ်။

zawgyi


