News

ပန်းဘဲတန်း NLD ရပ်​ကျေးဥက္ကဌ ယမန်​နေ့ညက အဖမ်းခံရပြီး ယ​နေ့ နံနက်ပိုင်း ​သေဆုံးသွားပြီဟု အ​ကြောင်းကြား

ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းတွင် ယမန်နေ့ညပိုင်းက စစ်တပ်နှင့်ရဲက အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့သည့် ပန်းဘဲတန်းမြို့နယ် NLD ၇ ရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဟု စစ်ကောင်စီဘက်က အကြောင်းကြားလာကြောင်း ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က သူ၏ လူမှုကွန်ရက်မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းက ဦးခင်မောင်လတ်၏ နေအိမ်နှင့် အခြား ပန်းဘဲတန်းမြို့နယ် EC များ၏နေအိမ်များကို ဝင်ရောက်ရာမှာ အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ဦးခင်မောင်လတ်၏ရုပ်အလောင်းကို မဂ်လာဒုံ စစ်ဆေးရုံတွင် ရှိနေကြောင်း သိရှိရသည့်အတွက် ထုတ်ယူရန် ကြိုးစားလျက်ရှိကြောင်း၊ ကွယ်လွန်သူသည် အစ္စလာမ်ဘာသာဝင် တစ်ဦး ဖြစ်သဖြင့် အစ္စလာမ့်ထုံးတမ်းနှင့်အညီ သဂြိုလ်သွားမည်ဖြစ်ကြောင်း ဦးစည်သူမောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။