Knowledge

ျမန္​မာနိုင္​ငံရဲတပ္​ဖြဲ႕မွ ​ေက်ာခိုင္​း ႏွုတ္​ထြက္​ျခင္​း…

မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့မှ ​ကျောခိုင်​း နှုတ်​ထွက်​ခြင်​း

ကျွန်​​တော်​သည်​ ၁၀ တန်​း​အောင်​မြင်​ပြီး ၂၀၀၄ ခုနှစ်​မှစ၍ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့သို့ စတင်​ဝင်​​ရောက်​ခဲ့ကာ ကျရာ​နေရာ/တာဝန်​များ ​ကျေပွန်​စွာ ထမ်​း​ဆောင်​ခဲ့ပါသည်​။

အရာအားလုံးအတွက်​ ​စေတနာထားပြီး တတ်​နိုင်​သ​လောက်​ ဥပ​ဒေ​ဘောင်​အတွင်​မှ ကူညီခဲ့သည်​ကို ကျွန်​​တော်​​နေခဲ့သည်​့ ရဲတပ်​ဖွဲ့နှင်​့ ပတ်​ဝန်​းကျင်​ ရပ်​ကွက်​/​ကျေးရွာရှိ လူအများ သိကြပါသည်​။

ကျွန်​​တော်​ နိုင်​ငံ​ရေးနားမလည်​ဘူး၊ ဒီမိုက​ရေစီကို ချစ်​မြတ်​နိုးတယ်​၊ ရဲတပ်​ဖွဲ့ကို ချစ်​မြတ်​နိုးတယ်​ ဒုရဲအုပ်​အဆင်​့ ရဖို့အတွက်​ လုပ်​သက်​ ၁၆ နှစ်​​ကျော်​ ဘဝနဲ့ရင်​းပြီး ကြိုးစားခဲ့တယ်​။

အရမ်​းတန်​ဖိုးထားခဲ့တယ်​။ ခုချိန်​မှာ ဘာကိုမှ မက်​​မောမှု မရှိ​တော့သလို ကျွန်​​တော်​ ချစ်​မြတ်​နိုးခဲ့သည်​့ ရဲတပ်​ဖွဲ့ကို ထာဝရ ​ကျောခိုင်​းထွက်​ခွာ နှုတ်​ထွက်​ခဲ့ပါပြီ။

မြန်​မာနိုင်​ငံကြီး ​အေးချမ်​းသွားပြီး ဒီမိုက​ရေစီ ရခဲ့လို့ ကျွန်​​တော်​ချစ်​မြတ်​နိုးသူ၊ ကျွန်​​တော်​့ကို ချစ်​မြတ်​နိုးသူ​တွေက မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့မှာ အားဖြည်​့ကူညီ တာဝန်​ထမ်​း​ဆောင်​​ပေး​စေလိုက ​ပျော်​ရွှင်​စွာ တာဝန်​ထမ်​း​ဆောင်​​ပေးပါမည်​။

ခု​တော့ ဆက်​လက်​တာဝန်​ထမ်​း​ဆောင်​လိုစိတ်​ လုံးဝ(လုံးဝ) မရှိ​တော့ပါသဖြင်​့ ရဲတပ်​ဖွဲ့ဝင်​ အမှတ်​အသား၊ အသုံးအ​ဆောင်​၊ သက်​ဆိုင်​သည်​့အရာများအားလုံး ထားခဲ၍ ​ကျောခိုင်​း နှုတ်​ထွက်​ခဲ့ပါပြီ။

အသက်​နဲ့ သစ္စာပြုလို့ ​ပြောပြချင်​တဲ့ စကားတစ်​ခွန်​းက​တော့ ယခုဖြစ်​စဉ်​ ယခုကာလ 1.2.2021 ရက်​​နေ့မှ စ၍ ယ​နေ့ချိန်​ထိ လက်​ညှိုး​ကွေးဖို့​ ​နေ​နေသာသာ လက်​နဲ့​တောင်​ မရွယ်​ဖူးခဲ့ဘူး။

တာဝန်​ထမ်​း​ဆောင်​ခဲ့စဉ်​က သင်​/မြင်​/ကြား ဆရာများနှင်​့ တပ်​ဖွဲ့ဝင်​ ညီကို ​မောင်​နှမများအားလုံး အန္တရာယ်​ကင်​းကြပါ​​စေလို့ ဆု​တောင်​း နှုတ်​ဆက်​ခဲ့ရင်​း မြန်​မာနိုင်​ငံကြီး အမြန်​ဆုံး​အေးချမ်​းပါ​စေ။

ဇနီးနဲ့ သမီး​လေး​ရေ ​ဖေ​ဖေ ပြန်​လာပြီ။

အပြစ်​​ပေးခံ ​ထောင်​ကျခံရမယ်​ ဆိုရင်​လည်​း ကြိုတင်​ပြင်​ဆင်​ထားပြီးပါပြီ။

​တကယ်​လို့ ​ထောင်​ကျခဲ့ပြီး ​ထောင်​ကထွက်​လာတဲ့ တစ်​​နေ့ မိသားစု စုံစုံလင်​လင်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​နေကြတာ​ပေါ့။

ခု​တော့ အနီးနားမှာ​တောင်​ ​နေခွင်​့မရ​သေးလို့ ခဏတာ သည်​းခံ​ပေးပါအုံး ချစ်​ဆုံးကြီး ချစ်​မိန်​းမဘုတ်​ဆုံမနှင်​့ ​ဖေ​ဖေ အရမ်​းချစ်​ရတဲ့ ချစ်​သမီး​လေး​ရေ။

ပြည်​သူအားလုံး ကျန်​းမာ၊ ချမ်​းသာလို့ အန္တရာယ်​ကင်​း ​ဘေးရှင်​းကြပြီး လိုအင်​ဆန္ဒများ ပြည်​့ဝကြပါ​စေ။

မှတ်​ချက်​။ ။ လူငယ်​ဘဝ ၁၈ နှစ်​ပြည်​့ကတည်​းက လွတ်​လပ်​မှုဆိုတာ ဘာမှန်​းမသိခဲ့တဲ့ ကျွန်​​တော်​။ ။ ။

ျမန္​မာနိုင္​ငံရဲတပ္​ဖြဲ႕မွ ​ေက်ာခိုင္​း နႈတ္​ထြက္​ျခင္​း

ကြၽန္​​ေတာ္​သည္​ ၁၀ တန္​း​ေအာင္​ျမင္​ၿပီး ၂၀၀၄ ခုနွစ္​မွစ၍ ျမန္​မာနိုင္​ငံရဲတပ္​ဖြဲ႕သို႔ စတင္​ဝင္​​ေရာက္​ခဲ့ကာ က်ရာ​ေနရာ/တာဝန္​မ်ား ​ေက်ပြန္​စြာ ထမ္​း​ေဆာင္​ခဲ့ပါသည္​။

အရာအားလံုးအတြက္​ ​ေစတနာထားၿပီး တတ္​နိုင္​သ​ေလာက္​ ဥပ​ေဒ​ေဘာင္​အတြင္​မွ ကူညီခဲ့သည္​ကို ကြၽန္​​ေတာ္​​ေနခဲ့သည္​့ ရဲတပ္​ဖြဲ႕နွင္​့ ပတ္​ဝန္​းက်င္​ ရပ္​ကြက္​/​ေက်း႐ြာရွိ လူအမ်ား သိၾကပါသည္​။

ကြၽန္​​ေတာ္​ နိုင္​ငံ​ေရးနားမလည္​ဘူး၊ ဒီမိုက​ေရစီကို ခ်စ္​ျမတ္​နိုးတယ္​၊ ရဲတပ္​ဖြဲ႕ကို ခ်စ္​ျမတ္​နိုးတယ္​ ဒုရဲအုပ္​အဆင္​့ ရဖို႔အတြက္​ လုပ္​သက္​ ၁၆ နွစ္​​ေက်ာ္​ ဘဝနဲ႔ရင္​းၿပီး ႀကိဳးစားခဲ့တယ္​။

အရမ္​းတန္​ဖိုးထားခဲ့တယ္​။ ခုခ်ိန္​မွာ ဘာကိုမွ မက္​​ေမာမႈ မရွိ​ေတာ့သလို ကြၽန္​​ေတာ္​ ခ်စ္​ျမတ္​နိုးခဲ့သည္​့ ရဲတပ္​ဖြဲ႕ကို ထာဝရ ​ေက်ာခိုင္​းထြက္​ခြာ နႈတ္​ထြက္​ခဲ့ပါၿပီ။

ျမန္​မာနိုင္​ငံႀကီး ​ေအးခ်မ္​းသြားၿပီး ဒီမိုက​ေရစီ ရခဲ့လို႔ ကြၽန္​​ေတာ္​ခ်စ္​ျမတ္​နိုးသူ၊ ကြၽန္​​ေတာ္​့ကို ခ်စ္​ျမတ္​နိုးသူ​ေတြက ျမန္​မာနိုင္​ငံရဲတပ္​ဖြဲ႕မွာ အားျဖည္​့ကူညီ တာဝန္​ထမ္​း​ေဆာင္​​ေပး​ေစလိုက ​ေပ်ာ္​႐ႊင္​စြာ တာဝန္​ထမ္​း​ေဆာင္​​ေပးပါမည္​။

ခု​ေတာ့ ဆက္​လက္​တာဝန္​ထမ္​း​ေဆာင္​လိုစိတ္​ လံုးဝ(လံုးဝ) မရွိ​ေတာ့ပါသျဖင္​့ ရဲတပ္​ဖြဲ႕ဝင္​ အမွတ္​အသား၊ အသံုးအ​ေဆာင္​၊ သက္​ဆိုင္​သည္​့အရာမ်ားအားလံုး ထားခဲ၍ ​ေက်ာခိုင္​း နႈတ္​ထြက္​ခဲ့ပါၿပီ။

အသက္​နဲ႔ သစၥာျပဳလို႔ ​ေျပာျပခ်င္​တဲ့ စကားတစ္​ခြန္​းက​ေတာ့ ယခုျဖစ္​စဥ္​ ယခုကာလ 1.2.2021 ရက္​​ေန႔မွ စ၍ ယ​ေန႔ခ်ိန္​ထိ လက္​ညိႈး​ေကြးဖို႔​ ​ေန​ေနသာသာ လက္​နဲ႔​ေတာင္​ မ႐ြယ္​ဖူးခဲ့ဘူး။

တာဝန္​ထမ္​း​ေဆာင္​ခဲ့စဥ္​က သင္​/ျမင္​/ၾကား ဆရာမ်ားနွင္​့ တပ္​ဖြဲ႕ဝင္​ ညီကို ​ေမာင္​နွမမ်ားအားလံုး အႏၲရာယ္​ကင္​းၾကပါ​​ေစလို႔ ဆု​ေတာင္​း နႈတ္​ဆက္​ခဲ့ရင္​း ျမန္​မာနိုင္​ငံႀကီး အျမန္​ဆံုး​ေအးခ်မ္​းပါ​ေစ။

ဇနီးနဲ႔ သမီး​ေလး​ေရ ​ေဖ​ေဖ ျပန္​လာၿပီ။

အျပစ္​​ေပးခံ ​ေထာင္​က်ခံရမယ္​ ဆိုရင္​လည္​း ႀကိဳတင္​ျပင္​ဆင္​ထားၿပီးပါၿပီ။

​တကယ္​လို႔ ​ေထာင္​က်ခဲ့ၿပီး ​ေထာင္​ကထြက္​လာတဲ့ တစ္​​ေန႔ မိသားစု စံုစံုလင္​လင္​ ​ေပ်ာ္​​ေပ်ာ္​႐ႊင္​႐ႊင္​ ​ေနၾကတာ​ေပါ့။

ခု​ေတာ့ အနီးနားမွာ​ေတာင္​ ​ေနခြင္​့မရ​ေသးလို႔ ခဏတာ သည္​းခံ​ေပးပါအံုး ခ်စ္​ဆံုးႀကီး ခ်စ္​မိန္​းမဘုတ္​ဆံုမနွင္​့ ​ေဖ​ေဖ အရမ္​းခ်စ္​ရတဲ့ ခ်စ္​သမီး​ေလး​ေရ။

ျပည္​သူအားလံုး က်န္​းမာ၊ ခ်မ္​းသာလို႔ အႏၲရာယ္​ကင္​း ​ေဘးရွင္​းၾကၿပီး လိုအင္​ဆႏၵမ်ား ျပည္​့ဝၾကပါ​ေစ။

မွတ္​ခ်က္​။ ။ လူငယ္​ဘဝ ၁၈ နွစ္​ျပည္​့ကတည္​းက လြတ္​လပ္​မႈဆိုတာ ဘာမွန္​းမသိခဲ့တဲ့ ကြၽန္​​ေတာ္​။ ။ ။

Zay Khant Naung