Knowledge

တခုခုဆို သမီးတို့ပြေး အဖွားရှေ့က ခံမယ်တဲ့လားဗျာ ….

မြောက်ဒဂုံ

အဖွားတစ်ယောက်နဲ့ တွေ့တယ် ကန်ဇွန်ရွက်ခူးပြီးရောင်းတာ …

တနေ့မှ (၅၀၀)လောက်ရတာပါတဲ့ …

အခုက လမ်းလျှောက်လာတာလို့ပြောပါတယ်။

တခုခုဆို သမီးတို့ပြေး အဖွားရှေ့က ခံမယ်တဲ့ …။

အဖွားက ၇၄နှစ်ပါ

အဖွားတို့ကသေလို့ရနေပြီ

ခလေးတွေကို ဘာမှမဖြစ်စေချင်ဘူးတဲ့ …

ပိုက်ဆံ(၁၀၀၀၀)ကန်တော့လိုက်တာ အဲ့လောက်အများကြီး မကိုင်ဖူးဘူးတဲ့

အပြန်လဲ သေချာလိုက်ပို့ပေးလိုက်တယ်။

အပြန်မှာ ပြောသွားသေးတယ်။

အဖွားတို့ နိုင်အောင်တိုက်မယ်တဲ့လေ …….

WeNeedR2PInMyanmar

Fight_For_Democracy

WhathappeningInmyanmar

crd photo သော်တာရွှေစင်(true story)