Celebrity


တရားဝင် ပိတ်ပင်ခြင်း

Myanmar Academy ဆုရှင် သရုပ်ဆောင် ” Tun Eaindra Bo ” သည် နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊ သင် ရရှိထားသော Myanmar Academy ဆုTitle ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း နှင့် အဆိုးဆုံးကတော့

မိမိအမဖြစ်သူ Party ထောင်တဲ့အခါမှ နိုင်ငံရေး စိတ်မဝင်စားဘူး လို့ အင်တာဗျူး တစ်ခုမှာ လိမ်လည်ဖြေဆိုခဲ့ပါတယ် ။ ပြည်သူတွေ ဘက်က မေတ္တာထား ဆက်ဆံ အားပေးခဲရခြင်းကို လိမ်လည်ခဲ့သည့် သဘောကို သက်ရောက်နေတာဖြစ်လို့ ယနေ့ ၊ ယခုမှ စတင်ကာ Myanmar Academy ဆု တင်မက မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ” Tun Eaindra Bo ” အား ရာသက်ပန်တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး သူနှင့်ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်းမည်​ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည် ။

ဆက်လက်ပြီး အကယ်ဒမီ ဆုရရှိသူများထဲမှ ထုပ်ပယ်ရန် ကျန်ရှိနေသူများ ထပ်မံတင်ပြသွားမည်။