Knowledge

“အဖေ့ဆံပင်ကတော့ ပြန်ဖြူလာဦးမှာပဲ ဆေးဆိုးပေးမယ့်သမီးလေးကတော့ အဖေ့အနားမှာမရှိတော့ဘူး”ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ….

ဘယ်လူတွေ သူ့လောက် သတ္တိရှိမလဲ ?

မြန်မာပြည်ကြီးအတွက် သူမ သတ္တိရှိရှိအသက်ပေးသွားခဲ့ရတယ်

မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ သူမသတ္တိ ကတော့ ဗိုလ်ချုပ်သတ္တိပါဘဲ

တကယ်လေးစား စိတ်မကောင်းဖြစ်ရပါတယ် ညီမလေ

God bless u

R.I.P

ဒီနေ့ကြွေလွင့်ခဲ့တဲ့ Angel က သွေး၊ မျက်ကြည်လွှာ၊ ခန္ဓာတစ်ခုလုံးကို လှူဒါန်းခဲ့

ယနေ့ မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ တွင် ပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့သော မကြယ်စင်မှာ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ မန်းလေး အေးအေးမြင့်ဆံပင်ညှပ်ဆိုင်က တစ်ဦးတည်းသောသမီးဖြစ်ကြောင်း သိရပါတယ်။

သူမ မသေဆုံးခင်က သွေး၊ မျက်ကြည်လွှာ၊ ခန္ဓာရဲ့မည်သည့်အစိတ်အပိုင်းမဆို လှူမည့်အကြောင်း သွေးအမျိုးအစားနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားကာ “

စာရွက်စာတမ်း နဲ့ဆိုရင်တောင် angel အသက်သေမှာ လှူခွင့်ရမှာ တကယ်လိုအပ်ခဲ့ရင် angel အသက်မသေလဲ အသေခံပြီး angel လှူပါတယ်” လို့ ဖေ့ဘုတ်မှာ ရေးသားထားခဲ့တာကို တွေ့ရလို့ ပြည်သူများက လွန်စွာဝမ်းနည်းနေကြပါတယ်။

WeNews နွေဦးတော်လှန်ရေး

ဆရာမကြယ်စင်အသက် (၁၉) နှစ်IT Queenသင်တန်း

MU သပိတ်စစ်ကြောင်းမန္တ​လေး လမ်း ၃၀× ၈၄လမ်း စစ်​ကြောင်းစနိုက်ပါထိတာ ၁၉နှစ်အရွယ်လေးပါဆုံးသွားပါပြီ ။

​ပြောစရာစကားလုံးမရှိ​တော့​အောင် ​ကြေကွဲရပါတယ်။ ငယ်ရွယ်သွက်လက်တဲ့ဆရာမမို့ အရမ်းနှ​မျောရပါတယ်။ ​ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူပါညီမဆရာမ​လေးရယ်။

ဆရာမတို့သင်တန်းမှ ဆရာ၊ဆရာမများအားလုံးနှင့်​သင်တန်းသား/သူများအားလုံးမှ မိသားစုနှင့်အတူထပ်တူထပ်မျှ ​ကြေကွဲဝမ်းနည်းဂုဏ်ယူပါတယ်။

မျက်ရည်များစွာဖြင့် ကျွန်တော်တို့အမြဲသတိရဆုတောင်းပေးပါ့မယ်။

ဒီအဖေမှာဒီသမီးလေးတစ်ယောက်ပဲရှိတာ

အဖေ့ရဲ့ကမ္ဘာလေး‌တဲ့

ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ